ဗဟန်းမြို့နယ်၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟန်းမြို့နယ်၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 


MNP - အောက်တိုဘာ  ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား)သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း (ဗဟန်း)မိုးဦးပန်းခန်းမ၌ ကျင်းပသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ ကမာရွတ်ခရိုင် ပညာရေးမှူးက သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ အခြေခံပညာကျောင်းများ၏ သင်ကြားမှု၊ သင်ယူမှု အရည်အသွေးများ တိုးတက်ကောင်းမွန်ပြီး၊ ကျောင်းအုပ်ကြီးများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာမည်ဖြစ်ပါ‌ကြောင်း ‌ခေါင်းဆောင်မှု တာဝန်ယူထားရသော ဆရာကြီး၊ ဆရာမကြီးတို့၏ စီမံခန့်ခွဲမှုသည် အလွန်ပင်အရေးကြီးပြီး၊ ယုံကြည်ချက်၊ ခံယူချက်တို့ မှန်ကန်စွာဖြင့် တာဝန်နှင့်စည်းကမ်းများကို လေးစားလိုက်နာကာ ဆရာ့ကျင့်ဝတ်နှင့်အညီ အရည်အချင်း ပြည့်ဝသည့် ကျောင်းအုပ်ကြီးကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း ရှင်းလင်းပြောကြားသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကမာရွတ်ခရိုင်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အထက်တန်းကျောင်းအုပ်ကြီးများ၊ အလယ်တန် းကျောင်းအုပ်ကြီးများ၊ မူလတန်း ကျောင်းအုပ်ကြီးများ၊ ရုံးအဖွဲ့များ စုစုပေါင်း (၂၂)ဦးတို့ တက်ရောက်ပြီး ပညာရေးကဏ္ဍ၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့် စီမံကိန်း ကြီးကြပ်အကဲဖြတ်ခြင်း ဘာသာရပ်များကို အောက်တိုဘာလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ နှစ်ရက်ကြာ ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။


 သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)