ထားဝယ်မြို့တွင် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေးနှင့် အထောက်အကူပြုမြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ မဲရုံများလျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့တွင် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေးနှင့် အထောက်အကူပြုမြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ မဲရုံများလျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - အောက်တိုဘာ   ၁၉


မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေးနှင့် အထောက်အကူပြု မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ မဲရုံများလျာထားသတ် မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့နံနက် ၁၀ နာရီအချိန်က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင် ဦးမြင့်သိန်းက ဥပဒေပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိဦးထိန်လင်းဦးက ဆောင်ရွက်ထားရှိသည့် မြို့နယ်အလိုက်လျာထား မဲရုံအခြေအနေများ၊ လျာထားမဲရုံတည်နေရာများ၊ လူဦးရေနှင့်မဲဆန္ဒရှင် အခြေအနေများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။


ဆက်လက်၍ ရေဖြူမြို့နယ်၊လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ်ရွေးကောက်ပွဲ အရာရှိ များက မြို့နယ်များ အတွင်းစက်တင် ဘာလကုန်အထိ လစဉ်စိစစ်ပြုစုထားသည့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် ခရိုင်အတွင်းရှိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက ပူးပေါင်းစိစစ်ဆောင်ရွက်မှုအခြေအနေနှင့် မြို့နယ်အလိုက် မဲရုံလျာထားသတ်မှတ်ထားရှိမှုအခြေအနေများအား တင်ပြခဲ့ကြသည်။


ထို့နောက်တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်မှုလုပ်ငန်းအောင်မြင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အ ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရာ တွင်တွေ့ရှိရသည့်အခက် အခဲများ၊ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးပေါင်းစပ် အကြံပြု ဆောင်ရွက်ခဲ့ကြသည်။


ထိုနည်းတူစွာပင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များသည် ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများအား တွေ့ဆုံ၍ ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် လျာထား မဲရုံတည်နေရာများ၊ လျာထားမဲဆန္ဒရှင်အခြေအနေများကို အောက်တိုဘာလ(17)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးရွေး ကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


ဆွေနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦကိုကိုလွင်နှင့် ဦးမြင့်သိန်းတို့က ဖြည့်စွက်ဆွေးနွေးမှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)