MNP - အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ မီးဘေးလုံခြုံရေးအတွက် လိုက်လံစစ်ဆေးအကြံပြုခြင်းကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်မီငြှိမ်းသတ်နိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးတို့အား မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ရုံး၊ မြို့နယ်ပညာရေးမှူးရုံး၊ သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - မန်းကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment