မိတ္ထီလာမြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

 



MNP - အောက်တိုဘာ   ၃၀


မိတ္ထီလာမြို့နယ်၊ မြောက်လည်ကျေးရွာအုပ်စု၊ သရက်တန်းကျေးရွာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး  အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရှိရသည်။


အသိပညာပေးဟောပြောပွဲတွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာဦးမင်းကိုက မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လျှပ်စစ်မီးလင်းနိုင်ရေးအတွက် တိုင်းဒေသကြီးဘတ်ဂျတ်၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NPE)၊ Public Finance Initiative(PFI)စနစ်၊ ကိုယ်ထူးကိုယ်ထစနစ်ဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅၈)အုပ်စု ကျေးရွာ(၃၈၀)ရှိသည့်အနက် ကျေးရွာ(၃၄၆)ရွာကို လျှပ်စစ်မီးလင်းနိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါ လျှပ်စစ်မီးလင်းနိုင်ခဲ့ပြီဖြစ်သော ကျေးရွာများမှ ဒေသခံကျေးလက်နေပြည်သူများ လျှပ်စစ်မီးအသုံးပြုရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြောခြင်းကို ယခုလို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးရန် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ကျေးရွာများသို့ ကွင်းဆင်း၍ လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းအသိပညာပေး ဟောပြောပွဲတွင် လျှပ်စစ်မီးအသုံးပြုရာ၌ လိုက်နာရမည့်အချက်များနှင့် ဆောင်ရန်ရှောင်ရန်များကို ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသော ဒေသခံကျေးလက်နေပြည်သူများက ကျေးရွာအတွင်း လျှပ်စစ်ဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းတင်ပြရာ မြို့နယ်လျှပ်စစ်မန်နေဂျာဦးမင်းကိုက မေးမြန်းတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)