မောင်တောမြို့တွင် ရခိုင်ရိုးရာ အစဉ်အလာ အတိုင်း ဆွမ်းဆန်စိမ်းလောင်းလှူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့တွင် ရခိုင်ရိုးရာ အစဉ်အလာ အတိုင်း ဆွမ်းဆန်စိမ်းလောင်းလှူ







MNP ၊ အောက်တိုဘာ  ၁၀

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရခိုင်ရိုးရာ အစဉ်အလာ အတိုင်း ဆွမ်းဆန်တော်လောင်းလှူခြင်းကို ယမန်နေ့  နေ့လည် ၂ နာရီအချိန်က ကျင်းပ  ပြုလုပ်ခဲ့ရာ နယ်မြေခံစစ်ဆင်ရေး ကွပ်ကဲရေးမှူး ၊ ခရိုင်/မြို့ နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက တက်ရောက် ဆွမ်းဆန်တော်များ လောင်း လှူကြသည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် မောင်တောမြို့နယ်အတွင်းရှိ  ရပ်ကွက်၊ကျေးရွာ အသီးသီးမှ စေတနာရှင်ပြည်သူများ၊ လူငယ် အဖွဲ့ အစည်းများ စုပေါင်းကာ မိမိတို့ ရပ်ကွက်၊ကျေးရွာများ အလိုက် ရခိုင်ရိုးလာယဉ်ကျေးမှု အစဉ်အလာအတိုင်း ဝါတွင်းကာလ၌ ဆွမ်း ဆန်တော် လောင်းလှူပွဲကို  ကျင်းပလျက်ရှိရာ  ယခုနှစ်တွင်လည်း  ရဟန်း ၊ သံဃာတော် များကို မိမိတို့ ရပ်ကွက်များအလိုက် မြို့မဘုန်းတော်ကြီးကျောင်း မှ စတင်ထွက်ခွာကာ  ဈေးကြီးတစ်ပတ် လမ်းမကြီး အတိုင်း စီတန်းလည့်လည်ကာ ရဟန်း ၊ သံဃာတော်အပါး (၈၀)ခန့် အား ဆွမ်းဆန်စိမ်း နှင့် လှူဖွယ်ဝတ္တူများ စည်းကား သိုက် မြိုက်စွာ လောင်းလှူခဲ့ကြောင်းသိရသည်။ 


အောင်ကျော်စိန် ၊သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)