MNP - အောက်တိုဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ အချိန်က ဇီးချောင်အုပ်စု၊ ဇီးချောင်ကျေးရွာရှိ ဦးချစ်မွှေး စက်ရုံဝန်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း အတွင်းရေးမှူး ယာယီရဲမှူး အောင်နိုင်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင် (၂) ဦးတင်မောင်တို့ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး(၅)ကြောင်းသည် ဇီးချောင်အုပ်စုရှိ ပြည်သူ့ လုံခြုံရေးအဖွဲ့ဝင် (၆၁)ဦးနှင့် ဒေသခံပြည်သူ (၁၀၉)ဦး၊ စုစုပေါင်း(၁၇၀)ဦးတို့နှင့် တွေ့ဆုံ၍ ကျေးရွာနေ ပြည်သူများအားလုံး လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၊ Social Media သုံးစွဲရာတွင် အမုန်းစကားများ မပြန့်ပွားရေး၊ ယုံကြည်လက်ခံမှု မဖြစ်ပေါ်စေရေး ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးဆီဖူလုံစေရေး နေကြာကို စိုက်ပျိုး ကြဖို့လိုကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းဝေးစေရေး ဆိုင်ကယ်စီးနင်း မောင်းနှင်ရာတွင် မေးသိုင်းကြိုးပါသော ဦးထုပ်ဆောင်းပြီး မောင်းနှင်စေရေး၊ နှစ်ယောက်ထက်ပို၍ မစီးစေရေးစသည်တို့ကို သိရှိလိုက်နာစေရန်၊ ည(၁၂)နာရီမှ နံနက်(၄)နာရီ အချိန်ထိ ဒေသန္တရ အမိန့်ထုတ် ပြန်ထားကြောင်း အသိပညာပေးဟောပြောခဲ့ကြသည်။
ဟောပြောပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
သတင်း - ဝင်းကြိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment