၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များ၏ ရင်တွင်းစကားသံများ - ဒေါက်တာမျိုးသန့်တင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များ၏ ရင်တွင်းစကားသံများ - ဒေါက်တာမျိုးသန့်တင်



 ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များ၏ ရင်တွင်းစကားသံများ

ဒေါက်တာမျိုးသန့်တင်

အမျိုးသားစာပေတစ်သက်တာဆုရှင်


၂၀၂၁ ခုနှစ်အတွက် အမျိုးသားတစ်သက်တာ စာပေဆု ချီးမြှင့်ခံခဲ့ရတဲ့အတွက် အခုရတဲ့ အမျိုးသား စာပေတစ်သက်တာဆုဟာ ကျွန်တော့်အတွက် အမြင့်ဆုံးနဲ့ ဘဝနဲ့ယှဉ်ပြီးပြောရလောက်တဲ့ အလေးစား တန်ဖိုးထားဆုံးဆုလို့ပြောရမှာပါ။ အခု ရရှိတဲ့ အမျိုးသားစာပေတစ်သက်တာဆုဟာ မိမိကြိုးပမ်းအားထုတ်ခဲ့တဲ့ အဆီအနှစ်တွေကို အသိ အမှတ်ပြု ဂုဏ်ပြုတာဖြစ်တဲ့အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ နိုင်ငံတော်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံခြားမှာ ရရှိခဲ့တဲ့ ပါရဂူဘွဲ့နဲ့ မြန်မာနိုင်ငံမှာ လုပ်ဆောင်နိုင်တာ လုပ်မယ်ဆိုတဲ့ စိတ်နဲ့စာပေနဲ့ မြန်မာ့သိပ္ပံပညာကို ဖော်ထုတ်ခဲ့တယ်။ ၁၆ရာစုနှစ်ဝန်းကျင်မှာအိန္ဒိယနဲ့ တရုတ်နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ သိပ္ပံနဲ့ပတ်သက်တဲ့ တီထွင်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အဲ့ဒီနှစ်နိုင်ငံ ကြားမှာ တည်ရှိပြီး နှစ်ပေါင်း ထောင်ကျော်သက်တမ်းရှိခဲ့တဲ့ ကျွန်တော်တို့နိုင်ငံဟာ သူတို့လိုပဲ သိပ္ပံပညာ ရှင်တွေရှိရမယ်ဆိုတဲ့ အတွေးနဲ့ ဝါသနာပါတဲ့ မြန်မာ့သိပ္ပံသမိုင်းကို ဆက်ပြီးဖော်ထုတ်မှုဟာ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှုအပေါ် ဂုဏ်ယူမိပါတယ်။ ငယ်ငယ်ကတည်းက သိပ္ပံပညာရှင်ဖြစ်ချင်တဲ့ စိတ်ကူးရှိခဲ့တာ ကြောင့် ကျွန်တော့်ဖော်မြူလာတွေကို အသိအမှတ်ပြု တယ်ဆိုတော့ သိပ္ပံပညာရှင်လေး အညှောက်ပေါက်ပြီ လို့ဆိုရမှာပါ။ ကျွန်တော်အနေနဲ့ ကိုယ်နိုင်ငံ အကျိုးရှိ စေပြီး မြန်မာ့သိပ္ပံပညာနဲ့လိုက်လျောညီထွေ ဖြစ်စေတဲ့ “စဉ့်” နည်းပညာကို ထုတ်ဖော်လုပ်ဆောင်နိုင် ခဲ့ပါတယ်။ ပုဂံခေတ်ကတည်းကရှိတဲ့ “စဉ့်” နည်း ပညာကို မြန်မာ့သိပ္ပံသမိုင်းကို လိုက်ရင်းနဲ့ လေထုနဲ့ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိတဲ့ နည်းပညာ အဖြစ် လုပ်ဆောင်နိုင်မှုကြောင့် “စဉ့်”အသင်းကိုလည်း တည်ထောင်နိုင်ခဲ့တယ်။ သတင်းစာ၊ ဂျာနယ် တွေမှာ ရေးသားခဲ့တဲ့ ဆောင်းပါး ပုဒ်ရေ ၁၀၀၀ ကျော်မှာ ဘာသာရပ်အလိုက်ထုတ်ပြီး စုစည်း ထုတ်ဝေခဲ့တဲ့ စာအုပ် ၂၀နီးပါးရှိပါတယ်ဟု ပြောကြားသည်။


ဆရာကြီး ဒေါက်တာမျိုးသန့်တင်သည် ၁၉၆၅-၆၆ ခုနှစ် ရန်ကုန်တက္ကသိုလ်မှ ဓာတုအင်ဂျင်နီယာ ဘွဲ့ရခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် အင်္ဂလန်နိုင်ငံလပ်ဘရာ စက်မှုတက္ကသိုလ်တွင် ဓာတုအင်ဂျင်နီယာ ပါရဂူ ဘွဲ့ရခဲ့သည်။ ဆက်လက်၍ ၁၉၈၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ ကော်နယ်တက္ကသိုလ်တွင် အင်ဇိုင်း ပညာရပ်ကို တစ်နှစ်တာသုတေသနပြုခဲ့သည်။ ထို့နောက် ၁၉၈၃ ခုနှစ်တွင် နိုင်ငံတော်က ပေးအပ် ချီးမြှင့်သည့် စက်မှုစီးပွားထူးချွန်တံဆိပ် (တတိယ အဆင့်)၊ ၁၉၈၁ ခုနှစ်တွင် စက်မှုသီးနှံ ပီလောပီနံ စာအုပ်ဖြင့် စာပေဗိမာန်စာမူဆု (သိပ္ပံနှင့်အသုံးချ သိပ္ပံပညာရပ်) ဒုတိယဆု၊ ၁၉၈၄ ခုနှစ်တွင် ကုန်းဘောင်ခေတ်မြန်မာ့သိပ္ပံပညာရှင်များ စာအုပ်ဖြင့် အမျိုးသားစာပေဆု၊ ၁၉၈၇ ခုနှစ်တွင် ရှေးခေတ် မြန်မာသိပ္ပံကျမ်းများစာအုပ်ဖြင့် အမျိုးသားစာပေဆု၊ ၂၀၂၂ ခုနှစ်တွင် ပခုက္ကူဦးအုန်းဖေ တစ်သက်တာ စာပေဆုနှင့် ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုများကို ရရှိခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)