MNP - အောက်တိုဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ ဘုရားကြီး၌ နှစ်စဉ်ကျင်းပသော ဝါထွက်ဆွမ်း ဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ (သီတင်းကျွတ်လဆန်း ၁၄ ) ရက်နေ့နေ့လယ် ၁ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘုရားအမှူးပြု၍ မြို့ပေါ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းပေါင်း (၃၃) ကျောင်းမှ သံဃာတော်များ ကြွရောက်အလှူခံတော်မှုခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသိန်းဇော်ဖြိုးမင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာရှင်များက ဆွမ်းဆန်၊ ဆီ၊ ဆား၊ ဖယောင်းတိုင်စသည့် လှူဖွယ်ပစ္စည်းများကို လောင်းလှူပေးခဲ့ကြသည်။
ထို့နောက် သံဃာတော်များက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ ဆွမ်းဆန်အလှူခံတော်မှုရာ ရပ်ကွက်နေပြည်သူများက ဆွမ်းဆန်နှင့် အခြားလှူဖွယ်ပစ္စည်းများကို စေတနာထက်သန်စွာ လောင်းလှူပေးခဲ့ကြောင်း သိရသည်။
သတင်း - ပေါက်စ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment