ဂန့်ဂေါခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၏ (၂၇) ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၏ (၂၇) ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်



MNP - အောက်တိုဘာ   ၁၂


မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၏ (၂၇) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက (၂၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးဆောင်ရွက်ရန်၊ ဆပ်ကော်မတီအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးရန်၊ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့ပြီးနောက် စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝေဠုသတိုးက နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် စုပေါင်းမဟာဘုံကထိန်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး အတွင်းစည်း/အပြင်စည်း လုံခြုံရေးကိစ္စရပ်များကို ထည့်သွင်း ဆွေးနွေး ပြောကြားသည်။


ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက စုပေါင်းမဟာဘုံကထိန်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတာဝန်ယူရသည့် ကဏ္ဍအလိုက် ရှင်းလင်းတင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက လိုအပ်သည်များကို ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ထင်အောင်နိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)