မောင်တောမြို့၌ သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်







MNP ၊  အောက်တိုဘာ ၁၅

ရခိုင်ပြည်နယ် မောင်တောမြို့၌  မြို့အင်္ဂါရပ် နှင့်အညီ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပမှု ရှိစေရေး အတွက်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်ကာ ခရိုင်/မြို့နယ် စီမံ အုပ် ချုပ် ရေး အဖွဲ့ ၊ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင် ရာများ နှင့် ပြည်သူများက  အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်း နှင့် ကျောင်း အနီးတစ်ဝိုက်ရှိ လမ်းတစ်လျှောက် ယနေ့ နံနက် ၇ နာရီအချိန်က  စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင်ရာများ ၊   မီးသတ် တပ်ဖွဲ့ဝင်များ ၊ ပြည်သူ များ  စုစုပေါင်း အင် အား  ၁၀၀ ခန့်က အဖွဲ့များခွဲကာ အမှတ်(၂) အခြေခံပညာ မူလတန်းလွန်ကျောင်းအတွင်းအပြင်ရှိ အနီး အနားရှိ အမှိုက် သရိုက် များ ၊ မြက်ပင် ၊ ပေါင် ပင် များအား ခုတ်ထွင် ရှင်းလင်းခြင်း ၊ တံမြက်စည်း လှဲခြင်း  ၊သန့်ရှင်း သာယာလှပစေရေး အတွက်စုပေါင်း သန့်ရှင်း ရေး ပြုလုပ် ခဲ့ကြပြီး အဆိုပါကျောင်းအနီးတစ်ဝိုက်ရှိ လမ်း တစ်လျှောက် လမ်းဘေး ဝဲယာတွင် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စည်ပင် သာယာရေးအဖွဲ့ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ၊ ပြည်သူများ နှင့် တာဝန်ရှိ သူများက ပလက်စ တစ်အမှိုက်များ၊ စွန့်ပစ်အမှိုက်များကို ကောက်ယူပြီး စည်ပင် သာယာရေး အဖွဲ့က အမှိုက်သိမ်း ကားဖြင့်  သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။  


အောင်ကျော်စိန် ၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)