မြေပုံမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတထိန်းသိမ်းရေးအတွက် ငါးသလောက်မ ဖမ်းဆီးရရာသီအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပုံမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတထိန်းသိမ်းရေးအတွက် ငါးသလောက်မ ဖမ်းဆီးရရာသီအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှု



MNP - အောက်တိုဘာ  ၃၀


ရခိုင်ပြည်နယ်အတွင်း ငါးသလောက်သယံဇာတ တားမြစ်ဧရိယာဖြစ်သည့် မြေပုံမြို့နယ် အုန်းကျွန်းခွဆုံမှ မင်းပြားမြို့နယ် မေလွန်းကျေးရွာအထိ မင်းကြောင်းမြစ်ကြောင်းဧရိယာ(၂၀၆၅)ဧကအတွင်း၌ ငါးသလောက်ဖမ်းဆီးခြင်းမပြုကြရန်နှင့် နှစ်စဉ်(ဧပြီ၊မေ)လများနှင့် စက်တင်ဘာ၊ အောက်တိုဘာလများတွင် ငါးသလောက်မဖမ်းဆီးရရာသီအဖြစ် တစ်နှစ်လျှင်နှစ်ကြိမ် သတ်မှတ်ထားကြောင်းသိရသည်။


ထိုသို့ သတ်မှတ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာများအရောက် ကွင်းဆင်းပြီး ရေလုပ်သားများအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြေစိုက်ပိုစတာများစိုက်ထူခြင်းများကို ဆောင်ရွက်လျက်ရှိသည်။


အလားတူ မြေပုံမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးတင်မောင်ရွှေနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မြေပုံမြို့၏ ငါးတင်ငါးချဆိပ်ကမ်း တစ်ခုဖြစ်သော ငုပင်လယ်ဆိပ်ခံတံတားသို့ ကွင်းဆင်းပြီးစစ်ဆေးခဲ့ရာ ငါးသလောက်မဖမ်းဆီးရန် တားမြစ်ဧရိယာနှင့်ဝေးကွာပြီး၊ ငါးသလောက်များ ဥချသားပေါက်တားမြစ်နေရာ ဒေသမဟုတ်သောနေရာမှ ငါးများရောက်ရှိ တင်ချနေမှုအား တွေ့ရှိရသည်။


အဆိုပါငါးများမှာ မြေပုံမြို့နယ်နှင့် ပေါက်တောမြို့နယ်ကြား ဟန်တာပင်လယ် ငါးဖမ်းကွင်မှ ဖမ်းဆီးကာ မြေပုံမြို့ဈေးကွက်သို့ တင်ပို့ရောင်းချမည့် ငါးသလောက်များဖြစ်ပြီး ၎င်းငါးများအား မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့က တိုင်းတာစစ်ဆေးခြင်း၊ ငါးသလောက်များ၏ လက်ရှိအခြေအနေ ကြီးထွားမှုကိုတိုင်းတာခြင်း၊ ဥပါ၊ မပါ စစ်ဆေးခြင်းနှင့် ပိုက်ကွက်များ တိုင်းတာစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)