MNP - အောက်တိုဘာ ၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်၊ မိုးစပါးစိုက်ခင်းများ၌ ပိုးမွှားရောဂါ ကျရောက်မှုများရှိသဖြင့် ကာကွယ်နှိမ်းနင်နိုင်ရန် နည်းပညာဆွေးနွေးပွဲ ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်း၌ သဲဖြူကုန်းကျေးရွာနှင့် ကျွဲခြံကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ သထုံခရိုင်ပိုးမွှား တာဝန်ခံနှင့်မြို့နယ်ရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ရာ သဲဖြူကုန်းကျေးရွာ၌ တောင်သူ ၄၂ဦး တက်ရောက်ခဲ့ပါသည်။ အလားကျွဲခြံကျေးရွာတွင် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းပညာ ဆွေးနွေးပွဲကိုဆောင်ရွက်ခဲ့ရာ တောင်သူ ၂၀ ဦးတက်ရောက်ခဲ့ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်မှာ တောင်သူများ မိမိတို့ မိုးစပါး စိုက်ခင်းများ၌ ပိုးမွှားရောဂါကျရောက်ပါက စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်၍ နည်းပညာအကူအညီများ ရယူဆောင်ရွက်ပါရန် နိူးဆော်ထားရှိကြောင်း သတင်းရရှိသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment