MNP - အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ဖိုးကျော်(7Eleven)နှင့် PERFECT Barber Shop အဖွဲ့တို့ပူးပေါင်း၍ အမှတ်(၁၁)ရပ်ကွက်၊ ဟိုင်းဆင်ဒူးဝါးလမ်းရှိ NURTURE AIDS Centre (NAC)မိဘမဲ့ HIV /AID ရောဂါသည်ကလေးငယ်များ စောင့်ရှောက်ရေးဂေဟာတွင်ရှိသော ကလေးငယ်များအား အဆိုပါဂေဟာတွင် ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်း၍ ဆံပင်များအခမဲ့ကုသိုလ်ပြု ညှပ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက်မိဘမဲ့ကလေးငယ်များအား အခမဲ့ဆံသလုပ်အားဒါနပြုရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့မှူး ဦးစိုးမြင့်လွင်ဦးဆောင်သောတပ်ဖွဲ့ဝင်များ၊ ဖိုးကျော်(7Eleven)နှင့် Barber Shop အဖွဲ့တို့မှ သွားရောက်၍ NAC Centre မှ မိဘမဲ့ကလေးငယ်(၁၅၀)ဦးအား အခမဲ့ဆံသပေးခြင်းလုပ်အားဒါနအဖြစ်ဆောင်ရွက်ပေးခဲ့ခြင်းနှင့် အားပေးနှစ်သိမ့်ခြင်း၊ ကျန်းမာရေးအသိပညာပေး ဗွီနိုင်းများကပ်ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ပြီးနောက် ၎င်းဂေဟာမှတာဝန်ရှိသူတစ်ဦးမှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ မြို့နယ်ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့မှူးမှ လက်ခံရယူခဲ့ကြောင်းသိရသည်။
အဆိုပါမိဘမဲ့ကလေးငယ်များအား ဆံပင်အခမဲ့ကုသိုလ်ပြုညှပ်ပေးရာတွင် NAC မိဘမဲ့ HIV/AIDS ရောဂါသည်ကလေးငယ်များစောင့်ရှောက်ရေးဂေဟာမှ တာဝန်ရှိသူအသီးသီးက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - ဝင်းအိမွန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment