ပေါင်မြို့နယ်တွင်ကြက်ခြေနီအသင်းမှ အသင်းဝင်များ၊ တပ်ဖွဲ့ဝင်များ၏ မှတ်တမ်းစာရင်း ရေးသွင်းခြင်းအား ခေတ်မီဆော့ဝဲလ်အသုံးပြုခြင်းဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပေါင်မြို့နယ်တွင်ကြက်ခြေနီအသင်းမှ အသင်းဝင်များ၊ တပ်ဖွဲ့ဝင်များ၏ မှတ်တမ်းစာရင်း ရေးသွင်းခြင်းအား ခေတ်မီဆော့ဝဲလ်အသုံးပြုခြင်းဆောင်ရွက်

029

031


MNP ၊ အောက်တိုဘာ ၁၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်ကြက်ခြေနီအသင်းမှ အသင်းဝင်များ၊တပ်ဖွဲ့ဝင်များ၏ မှတ်တမ်းစာရင်း ရေးသွင်းခြင်းအား ခေတ်မီ ဖုန်းဖြင့် ဆော့ဝဲလ်အသုံးပြုခြင်းကိုယနေ့ နံနက်ပိုင်း၌ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မွန်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်မြင့်ဦးဆောင်သောအဖွဲ့က ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးမှ ကြက်ခြေနီအသင်းဝင်များအား စေတနာလုပ်အားရှင်အဖြစ် စာရင်းသွင်းရန်၊စေတနာ့ဝန်ထမ်းဖြစ်နေပြီးလား၊လျှောက်လွှာအခြေအနေစစ်ဆေးရန်၊ကြက်ခြေနီကဘာတွေလုပ်ပေးသလဲ၊ကြက်ခြေနီဆိုတာဘာလဲ၊ကြက်ခြေနီအခြေခံမူတွေကဘာလဲ၊ကြက်ခြေနီကဘယ်အချိန်မှာအလုပ်လုပ်လဲ၊ကြက်ခြေနီအမှတ်အသားကဘယ်လိုလဲ စသည့်အချက်များကို  ဆော့ဝဲလ်အသုံးပြုပြီး စနစ်တကျရှိစေရန် ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ဆော့ဝဲလ်အသုံးပြု၍ ဖုန်းဖြင့်အသင်းဝင်၊တပ်ဖွဲ့ဝင်မှတ်တမ်းရေးသွင်း ခြင်းအား ဆင့်ပွားပို့ချပေးခဲ့ပြီးအသင်းသား/သူစုစုပေါင်း (၃၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။


ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲအနေဖြင့် စေတနာ့လုပ်ငန်းများကိုအချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး အသင်းတာဝန်အပြင် လူကုန်ကူးမှုခံရသူများအားလည်း စေတနာအပြည့်ဖြင့်ကူညီဆောင်ရွက်ပေးလျက်ရှိ‌ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages