လေးမျက်နှာမြို့နယ်တွင် ဟင်္သာတခရိုင် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ်တွင် ဟင်္သာတခရိုင် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ပြုလုပ်



MNP - အောက်တိုဘာ  ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကညင်တိုင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်ပိုင်း၌ ဟင်္သာတခရိုင် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဟင်္သာတခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက လာမည့်ဆောင်းရာသီတွင် နေကြာသီးနှံတိုးချဲ့စိုက်ပျိူးနိုင်ရေး၊ နေကြာသီးနှံစိုက်ပျိူးရာတွင် လိုအပ်သည့် နည်းပညာ အကူအညီများအား သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းအသိပညာ ပေးသွားမည် ဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများ အေးချမ်းသာယာစွာ နေထိုင်နိုင်ရေး၊ လုံခြုံရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ လိုက်နာကြရန်၊ ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုတ် ဆောင်းကြရန်၊ နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဟင်္သာတခရိုင် စိုက်ပျိူးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးသော်ဇင်မောင်မှ နေကြာသီးနှံစိုက်ပျိူး ထုတ်လုပ်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တွဲဖက်အတွင်းရေးမှူးဦးရဲရင့်ထွန်းနှင့် အဖွဲ့ဝင်များမှ နေကြာသီးနှံစိုက်ပျိူးရန် မြို့နယ်အတွက် လျာထားမှုဧကနှင့် နေကြာမျိူးစေ့ ဖြန့်ဝေနိုင်မှုများ၊ ကွင်းဆင်းဆောင်လျက်နေသည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။


တွေ့ဆုံပွဲသို့ ဟင်္သာတခရိုင် စိုက်ပျိူးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ဟင်္သာတခရိုင် စိုက်ပျိူးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးသော်ဇင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိူးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။


သတင်း - ကျော်ဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)