ဘိုကလေးမြို့နယ်တွင် နဝမအကြိမ်မြောက် သံဃာ့မဟာပဝါရဏာပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ်တွင် နဝမအကြိမ်မြောက် သံဃာ့မဟာပဝါရဏာပွဲကျင်းပ


MNP - အောက်တိုဘာ   ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မဆွမ်းလောင်းအသင်းဓမ္မာရုံကြီးရှိ သိမ်တော်အတွင်းတွင် ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ ယနေ့ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ နေ့လယ် (၁၂)နာရီ၌ နဝမအကြိမ်မြောက်အဖြစ် ဘိုကလေးမြို့၊ မြို့မဂိုဏ်းမှ ဆရာတော်ကြီးများနှင့် သာသနာ့ဝန်ဆောင် ရဟန်းတော်များသည် သံဃာ့မဟာပဝါရဏာပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။


အဆိုပါ သံဃာမဟာ ပဝါရဏာပွဲ ကျင်းပရခြင်းနှင့် ပတ်သတ်၍ ထေကြီးဝါကြီးဆရာတော်ကြီး(၁)ပါးမှ “မြန်မာနိုင်ငံ



အနှံအပြားမှာ သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း ပဝါရဏာပွဲ ကျင်းပဆောင်ရွက်ပါတယ်။ ပဝါရဏာရဲ့ အဓိပ္ပါယ်တော့  ဖိတ်ကြားခြင်း၊ တိုက်တွန်းခြင်း၊ တောင်းပန်ခြင်း ဆိုတဲ့ အဓိပ္ပာယ်ကိုသက်ရောက်ပြီး သာသနာ့ဝန်ဆောင် ရဟန်းတော်တွေဟာ ဝါလကင်းလွတ်သည်နှင့် သံဃာတော်တွေကို စုရုံးဖိတ်ကြားပြီး မိမိတို့၏အပြစ်ကို မြင်သော်လည်းကောင်း၊ ကြားသော်လည်းကောင်း၊ သံသယရှိသော်လည်းကောင်း အပြစ်ကို ကုစားနိုင်ရန် အခြားသံဃာတော်ထံသို့ မိမိ၏သဘောအရ ဖွင့်ဟဝန်ချတောင်းပန်တဲ့ သဘောပါ။ သာသနာတော် သန့်ရှင်းတိုးတက်ရေးအတွက်  အပြုသဘောဆောင်၍ ဝေဖန်သုံးသပ်သည့်ပွဲ ဖြစ်ပါတယ်” ဟု မိန့်ကြားသည်။


ဆရာတော်၊ သံဃာတော်များ၏ ပဝါရဏာပွဲအပြီး သိမ်တော်မှ အထွက်တွင် ပဝါရဏာပြုကြသည့် ဆရာတော်၊ သံဃာတော် (၂၁၈)ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့်အဖွဲ့၊ ဆရာတော်၊ သံဃာတော်များ၏ တပည့်ဒါယိကာ/ မများမှ သင်္ကန်းအပါအဝင် လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်တော်အပါအဝင် နဝကမ္မများ လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။


သတင်း - မိုးစက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)