ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရပ်ကွက်/ကျေးရွာ များအတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရပ်ကွက်/ကျေးရွာ များအတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်




MNP - အောက်တိုဘာ   ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို မြို့နယ် ရပ်ကွက်/ကျေးရွာများတွင် အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်အတွင်းရှိ အဘိုး၊ အဘွားများအား သွားရောက် ထောက်ပံ့လျက်ရှိကြောင်း သိရသည်။


အဆိုပါ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွားများ လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ စီစဉ်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် အဘိုး၊ အဘွားများထံ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ထောက်ပံ့ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွက် အဘိုး၊ အဘွား တစ်ဦးကို တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် (၃)လစာကျပ် သုံးသောင်းတိတိကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တစ်မြို့နယ်လုံးရှိ အသက်(၈၅)နှစ်အထက် အဘိုး/အဘွား (၄၂၈)ဦးအတွက် ငွေကျပ်(၁၂၈၄၀၀၀၀)ကျပ် ထောက်ပံ့ခြင်းဖြစ်ကြောင်း သတင်းရသည်။


သတင်း - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)