ဂျပန်ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများ၏ အရည်အသွေးများမြှင့်တင်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျပန်ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများ၏ အရည်အသွေးများမြှင့်တင်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

 


MNP ၊  အောက်တိုဘာ ၂၉

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် အာဆီယံ-ဂျပန် ဗဟိုဌာန၏အထောက်အပံ့ဖြင့် NationalActivity Project- 2022 ကိုအကောင်အထည်ဖော်သည့် အနေဖြင့် ဂျပန်ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများအတွက် အရည်အသွေးမြှင့်တင်ရေး အသိပညာပေးဆွေးနွေးပွဲကို အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက် အထိ နေပြည်တော် ရွှေစံအိမ်ဟိုတယ်၌ကျင်းပရာ အဆိုပါ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။


ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် နိုင်ငံတကာခရီးသွားလုပ်ငန်းများကို ဖွင့်လှစ်ခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် ပါဝင်လုပ်ကိုင်နေသော ဝန်ထမ်းများနှင့် ၎င်းတို့၏ ဝန်ဆောင်မှုအရည်အသွေးများကောင်းမွန်ရေးသည် အလွန်အရေးကြီးသည့်အတွက် အလေး ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ဂျပန်ခရီးသွားဧည့်သည် သန်း၂၀ ခန့် ကမ္ဘာ့နိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့ပြီး ၎င်းတို့အနက် အာဆီယံဒေသသို့ ၅ ဒသမ ၆ သန်းရောက်ရှိခဲ့ပါကြောင်း၊ ကပ်ရောဂါကာလအတွင်း ပြည်ပထွက်ခွာဈေးကွက်မှာ ရပ်တန့်နေခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ခရီးသွားလာရေးဆိုင်ရာကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့သည့်အတွက် ယခုနှစ်အတွင်း လစဉ် ဂျပန်ပြည်ပထွက်ခွာခရီးသွား ဧည့်သည်များ တဖြည်းဖြည်းတိုးလာသည်ကို သိရှိရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ဂျပန်ခရီးသွားဧည့်သည် ၀ ဒသမ ၁၂၅ သန်းလက်ခံရရှိခဲ့ပြီး ဂျပန်ခရီး သွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ အဓိကဈေးကွက်များအနက် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း။


သို့ဖြစ်ပါ၍ ယနေ့ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်လျက်ရှိသည့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များအနေဖြင့် ဆွေးနွေးပွဲ ရည်မှန်းချက်များပြည့်မီစေရေး အလေးထားလေ့လာဆွေးနွေးကြရန် တိုက်တွန်းလိုပါကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်ရာတွင် နေပြည်တော်တွင်သာမက အခြားခရီးစဉ်ဒေသများဖြစ်သည့် ပုဂံနှင့်အင်းလေးဒေသများတွင်ပါ ဆက်လက်ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အာဆီယံ-ဂျပန် ပူးပေါင်းဆောင်ရွက်ရေး နှစ်(၅၀)ပြည့် အခမ်းအနားအပါအဝင် အနာဂတ် ကာလတွင်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အာဆီယံ - ဂျပန် ဗဟို ဌာနနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ အာဆီယံ -  ဂျပန် ဗဟိုဌာန အတွင်းရေးမှူးချုပ် H.E. Dr. Kunihiko Hirabayashi က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံနှင့် အာဆီယံ- ဂျပန်ဗဟိုဌာနမှ တာဝန်ရှိသူများ နှင့် ဂျပန်ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာဘာသာရပ်များ အလိုက် ဆက်လက်ဆွေးနွေးကြသည်။


ဖွင့်ပွဲအခမ်းအနားသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးစိုးဟန်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ၊ မန္တလာ တက္ကသိုလ်နှင့်အမျိုးသားစီမံခန့်ခွဲမှု ဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)