မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေးနှင့် မဲရုံများလျာထားသတ်မှတ်ခြင်း ညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေးနှင့် မဲရုံများလျာထားသတ်မှတ်ခြင်း ညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP ၊ အောက်တိုဘာ ၁၆

မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူများအား ဥပဒေနှင့်အညီ စက်တင်ဘာလကုန်အထိ လစဉ်စိစစ်ပြုစုထားသည့် လူဦးရေစာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက ပူးပေါင်းစိစစ်ဆောင်ရွက်ထားမှုများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်း ကို ယနေ့နံနက် ၉ နာရီတွင် မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ဦးစွာ မြောင်းမြခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက အခြေခံမဲဆန္ဒ ရှင်စာရင်းများ လစဉ်စိစစ်ဆောင်ရွက်မှုနှင့်စပ်လျဉ်းပြီး စက်တင်ဘာလအထိတင်ပြရာ -


(၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ စိစစ်ချက်အရ


(က) သေဆုံး၊ ပြောင်းထွက်၊ (၂) ကြိမ်ထပ်၊ (၃) ကြိမ်ထပ်တို့မှလျော့သည့်လူဦးရေ (၇၈၁၅) ဦး


(ခ) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန လက်ကျန်စာရင်းမှ ပြန်လည် ထည့်သွင်းသည့် ထပ်တိုးလူဦးရေ (၂၁၈၆) ဦး


(၂) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စိစစ်ချက်အရ .


(က) မြေပြင်ထပ်တိုး -  ပုံစံ (၆၆/၆) ရှိသူ (၁၀၈၄၀) ဦး                


(ခ) မြေပြင်တွင် လျော့သည့်ဦးရေ - ပုံစံ (၆၆/၆) ရှိသူ (၅၅၆၁) ဦး                                                                              


မဲရုံတည်နေရာနှင့် မဲရုံအရေအတွက်လျာထားမှု (၇၉၇) ရုံ လျာထားသတ်မှတ်ထားကြောင်းနှင့် မဲရုံသုံးပစ္စည်းလိုအပ်ချက်တို့ကို တင်ပြဆွေးနွေးသည်။


ဆက်လက်ပြီး လပွတ္တာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက အခြေခံ မဲဆန္ဒရှင်စာရင်းများ လစဉ်စိစစ်ဆောင်ရွက်မှုနှင့်စပ်လျဉ်းပြီး စက်တင်ဘာလအထိတင်ပြရာ -


(၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ စိစစ်ချက်အရ


- သေဆုံး၊ ပြောင်းထွက်၊ (၂) ကြိမ်ထပ်၊ (၃) ကြိမ်ထပ်တို့မှလျော့သည့်လူဦးရေ (၁၅၄၉) ဦး


 (၂) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စိစစ်ချက်အရ .


 (က)    မြေပြင်ထပ်တိုး - ပုံစံ (၆၆/၆) ရှိသူ (၈၃၄) ဦး


(ခ) မြေပြင်တွင် လျော့သည့်ဦးရေ - ပုံစံ (၆၆/၆) ရှိသူ (၁၀၂၇) ဦး                                                                  


မဲရုံတည်နေရာနှင့် မဲရုံအရေအတွက်လျာထားမှု (၅၈၆) ရုံ လျာထားသတ်မှတ်ထားကြောင်းနှင့် မဲရုံသုံးပစ္စည်းလိုအပ်ချက်တို့ကို တင်ပြဆွေးနွေးသည်။


ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသော တာဝန်ရှိသူများက အကြံပြုဆွေးနွေး တင်ပြကြပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းထွန်းနှင့် ဦးအောင်လွင်ဦး တို့က ဖြည့်စွက်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)