ပေါင်မြို့နယ်တွင် ကျောင်းကြက်ခြေနီအသင်း ဖွဲ့စည်းနိုင်ရေးညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ကျောင်းကြက်ခြေနီအသင်း ဖွဲ့စည်းနိုင်ရေးညှိနှိုင်းဆွေးနွေး





MNP ၊  အောက်တိုဘာ  ၁

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ကျောင်းကြက်ခြေနီအသင်း ဖွဲ့စည်းနိုင်ရေးညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေ့ပိုင်းက အခြေခံ အထက်တန်း၊ အလယ်တန်းကျောင်းများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေအရ အခြေခံပညာအလယ်တန်း၊အထက်တန်းများတွင် ကျောင်းကြက်ခြေနီအသင်းခွဲငယ်များဖွဲ့စည်းနိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးခြင်းနှင့်အသင်းခွဲငယ်များဖွဲ့စည်းပေးခြင်တို့အား မြို့နယ်ကြက်ခြေနီးအသင်းခွဲမှ ဥက္ကဌ ဦးအောင်မင်းနိုင်၊ အလုပ်အမှုဆောင် ပညာရေးမှူး ဒေါ်စန်းစန်းအေး၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးဦးဟန်လင်းကျော်နှင့်တပ်ဖွဲ့ဝင်များတို့က အထက၊ အထကခွဲ၊ အလက၊ အလကခွဲကျောင်းများသို့ အဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။


ကြက်ခြေနီအသင်း၏ မျှော်မှန်းချက်မှာ ပြည်တွင်းပြည်ပရှိ ဘေးအန္တရာယ် ကျရောက်လွယ်သူများအတွက် လူမှုဂရုဏာ အကူအညီပေးနိုင်သည့် စွမ်းဆောင်ရည် ပြည့်ဝသော အမျိုးသား ကြက်ခြေနီအသင်းဖြစ်လာစေရန် ရည်ရွယ်ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)