ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ သမိုင်းဝင်ရှေးဟောင်းပြတိုက်အား ဘက်စုံပြန်လည်အဆင့်မြှင့်တင်မည် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ သမိုင်းဝင်ရှေးဟောင်းပြတိုက်အား ဘက်စုံပြန်လည်အဆင့်မြှင့်တင်မည်


75


MNP - အောက်တိုဘာ   ၁၃


ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ဘက်စုံပြန်လည်အဆင့်မြှင့်တင်မည့် သမိုင်းဝင်ရှေးဟောင်းပြတိုက်သို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။


တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သမိုင်းဝင်ရှေးဟောင်းပြတိုက်အား ဘက်စုံပြန်လည်အဆင့်မြှင့်တင်မည်ဖြစ်၍ ပြတိုက်အတွင်းရှိ ပစ္စည်းများအား ခေတ်အလိုက် အမျိုးအစားခွဲခြားသတ်မှတ် မှတ်တမ်းရေးထိုးပြီး စနစ်တကျ စာရင်းပြုစုထားရန်၊ ရှေးဟောင်းဓါတ်ပုံများအား ခေတ်မီနည်းစနစ်များဖြင့် ပြန်လည်ပြင်ဆင်ထိန်းသိမ်းရန်နှင့် လိုအပ်သော ပြတိုက်ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ နည်းပညာများအား ရှေးဟောင်းသုတေသနနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages