ညောင်လေးပင်မြို့နယ်တွင် ထက်/လယ်/မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ (ဆင့်ပွား) သင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်လေးပင်မြို့နယ်တွင် ထက်/လယ်/မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ (ဆင့်ပွား) သင်တန်း ဖွင့်လှစ်



MNP - အောက်တိုဘာ  ၂၉


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ထက်/လယ်/မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ(ဆင့်ပွား)သင်တန်းအား ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရည်ခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံပိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် သင်တန်းများ ဖွင့်လှစ်ခြင်းသည် အလွန်အကျိုးရှိကြောင်း၊ သင်တန်းတက်ရောက်သူများ အနေဖြင့်လည်း သင်တန်းပို့ချမှုများအား အကျိုးရှိရှိ အသုံးချကြရန် ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးစောဝါးလယ်ထူးက သင်တန်းဆိုင်ရာ စည်းကမ်းများနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသွားခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းဖွင့်ပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံပိုင်၊ မြို့နယ်ပညာရေးမှူးနှင့် သင်တန်းသူ၊ သင်တန်းသား ဆရာကြီး/ ဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။ ယင်းသင်တန်းတွင် သင်တန်းမှူးအဖြစ် မြို့နယ်ပညာရေးမှူးနှင့် ဒုတိယမြို့နယ် ပညာရေးမှုး(၂)ဦးတို့မှ ရက်တိုသင်တန်းအဖြစ် တာဝန်ယူ ဆောင်ရွက်မှာဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသား/ သင်တန်းသူ (၁၇၇)ဦး၊ ကိုယ်ပိုင်ပညာကျောင်းများမှ သင်တန်းသား (၂)ဦး၊ ဘုန်းတော်ကြီးသင်ပညာကျောင်းမှ သင်တန်းသား သင်တန်းသူ (၄)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)