ရေစကြိုမြို့နယ်တွင် အခြေခံစားသောက်ကုန်များ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေစကြိုမြို့နယ်တွင် အခြေခံစားသောက်ကုန်များ ရောင်းချပေး



MNP - အောက်တိုဘာ  ၇


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ စိတ္တသုခရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် လွတ်လပ်ရေးပန်းခြံဝန်းအတွင်း၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် ရေစကြိုမြို့နယ်၊ သက်သာချောင်ချိရေးအဖွဲ့မှ အခြေခံစားသောက်ကုန်များ  ဒေသခံပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအချိန်ထိ သက်သာသောနှုန်းဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေးသည်။


အဆိုပါရောင်းချရာတွင် လာရောက်ဈေးဝယ်ကြသည့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးကြေညာခြင်း၊ ကိုဗစ်-၁၉နှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီအုပ်ချုပ်ရေးမှူး  ဦးသိန်းဝင်း ဦးဆောင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးအသင်းဝင်များ ပူးပေါင်း‌ဆောင်ရွက်ပြီး ရေစကြိုမြို့နယ်၊ သက်သာချောင်ချိရေးအဖွဲ့မှ ဒေသခံပြည်သူများကို စားသောက်ရေး အထောက်အကူပြုစေရန်အတွက် ရည်ရွယ်၍ အခြေခံစားသောက်ကုန်များဖြစ်သော ဆန် တစ်ပြည် ၁၅၀၀ကျပ်၊ ဆီ တစ်ပိဿာ၅၀၀၀ကျပ်နှင့်ကြက်ဥ တစ်လုံး ၁၈၀ကျပ်နှုန်းတို့ဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။


သတင်း - မောင်လုလင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)