(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် တိုင်းကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဖျာပုံခရိုင်မှ ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် တိုင်းကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဖျာပုံခရိုင်မှ ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲကျင်းပ

 


MNP - အောက်တိုဘာ   ၃၁


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)တွင် တိုင်းကိုယ်စားပြုပါဝင် ယှဉ်ပြိုင်ခဲ့သည့် ဖျာပုံခရိုင်မှ ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲကို ယနေ့ နေ့လယ် (၁)နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အဆိုပါ ပြိုင်ပွဲဝင်များအား ဂုဏ်ပြုရခြင်းနှင့် ပတ်သက်၍ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်လင်းက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် တိုင်းကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဖျာပုံ ခရိုင်မှ ပြိုင်ပွဲဝင်များ၏ ကြိုစားအားထုတ်မှုကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ လာမည့် နှစ်များတွင်လည်း ယခုကဲ့သို့ကြိုးစား ပေးစေလိုကြောင်း ပြောကြားပြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် တိုင်းကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဖျာပုံခရိုင်မှ ပြိုင်ပွဲဝင်များ ကိုယ်စားကိုယ်စားလှယ် တစ်ဦးမှ ပြိုင်ပွဲဝင်ရောက်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ ထို့နောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟိုအဆင့်)တွင် တိုင်းကိုယ်စားပြုစောင်းဖြင့် ရွှေတံဆိပ်ဆုရရှိသူ မခိုင်သင်းကြည်က စောင်းဖြင့် တီးခတ်ဖျော်ဖြေပြီး အခမ်းအနားသို့ တက်ရောက်လာသူများကို အစားအစာများဖြင့် တည်ခင်း ဧည့်ခံ၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်ဝင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)