ဗန်းမော်မြို့တွင် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့တွင် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေး ကျင်းပ




MNP - အောက်တိုဘာ   ၁၅


ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင်နှင့် ဦးသန်းအောင်ကျော်သည် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ၂၀၂၃ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ကချင်ပြည်နယ် ဗန်းမော်မြို့ (၃)မိုင်၊ ရွှေပြည်သာရပ်ကွက်ရှိ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင်က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အနေဖြင့် လာမည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်မှန်ကန်ကန်ပြုစုနိုင်ရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် မဲစာရင်းတွင် ပါဝင်သင့်သူများ မကျန်ရှိစေရေးအတွက် သက်ဆိုင်ရာဌာနများက အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း အမှာစကား ပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်က လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် အခြေခံမဲစာရင်းများ ပြုစုရာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပုံစံ-၆၆/၆ စာရင်းနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်း အမှန်နေထိုင်သည့် စာရင်းများ ပြည့်စုံမှန်ကန်ရေးသည် အရေးကြီးသည့် အခြေခံအချက်ဖြစ်ပါကြောင်းနှင့် မဲစာရင်းများမှန်ကန်စေရေးအတွက် သက်ဆိုင်ရာဌာနအားလုံးက ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးကျော်သိန်းဦးက ဗန်းမော်ခရိုင် အတွင်း၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်၊ မံစီ၊ မိုးမောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူးများတို့က မြို့နယ်အလိုက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ၊ လျာထားမဲရုံနှင့် မြို့နယ် အလိုက်မဲဆန္ဒရှင်ဦးရေစာရင်း ဆောင်ရွက်နေမှုအခြေအနေများ၊ လာမည့်အထွေထွေရွေးကောက်ပွဲအတွက် လိုအပ်မည့်ဆန္ဒမဲ လက်မှတ်လိုအပ် မှုများကို အသီးသီးရှင်းလင်းတင်ပြကြကာ တက်ရောက်လာသည့် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက ရွေးကောက်ပွဲလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သည်။


ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင်နှင့် ဦးသန်းအောင်ကျော်သည် ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်း၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲရုံသုံးပစ္စည်းများ ထိန်းသိမ်း ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)