သံဖြူဇရပ်မြို့နယ်၌ အသက်(၂)လမှ (၂)နှစ်အောက်ကလေးများအား ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်မြို့နယ်၌ အသက်(၂)လမှ (၂)နှစ်အောက်ကလေးများအား ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေး



MNP - အောက်တိုဘာ   ၁၂


မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ အသက်(၂)လမှအသက်(၂)နှစ်အောက် ကလေးငယ်များအား ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် တိုက်ကျွေးခဲ့သည်။


ထိုသို့ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးများ တိုက်ကျွေးရာတွင် ကျန်းမာရေးဝန်ထမ်းများက သံဖြူဇရပ်မြို့နယ်အတွင်းရှိ အသက် (၂) လမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတတ်သော (Rota) ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကို‌ဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးသီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)