မိုင်းခုတ်မြို့ရှိ အခြေခံပညာကျောင်းများ၌ ဆောင်းရာသီ ကျောင်းတွင်းအားကစားပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့ရှိ အခြေခံပညာကျောင်းများ၌ ဆောင်းရာသီ ကျောင်းတွင်းအားကစားပြိုင်ပွဲများကျင်းပ



MNP - အောက်တိုဘာ  ၂၈


ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ဆောင်းရာသီ ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းမှ စတင်ကာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။


ထိုသို့ အားကစားပြိုင်ပွဲကျင်းပပြုလုပ်လျက်ရှိရာ  အခြေခံပညာအထက်တန်းကျောင်း (မိုင်းခုတ်)၌ အလယ်တန်းနှင့် အထက်တန်းအဆင့် ထုတ်ဆီးထိုးပြိုင်ပွဲ၊ ကြက်ဖခွပ်ပြိုင်ပွဲ၊ ရွှေစွန်ညို (မထွေးအမိဖမ်း) ပြိုင်ပွဲနှင့် ကျောကုန်းထောက်/တန်းကျော် ပြိုင်ပွဲများကျင်းပလျက်ရှိပြီး အခြေခံ ပညာမူလတန်းကျောင်း (ဟိုခန့်)၌ မူလတန်းအဆင့် ထုတ်ဆီးထိုးပြိုင်ပွဲများကျင်းပလျက်ရှိရာ  ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။


သတင်း - ယဉ်ယဉ်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)