MNP ၊ အောက်တိုဘာ ၆
မွန်ပြည်နယ်၊ သထုံမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မလှူဖွယ်များ ဆပ်ကပ်လှူဒါန်းရေစက်ချ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ရွှေစာရံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ သုဝဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ သထုံတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး အောင်အောင်ဟိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ သထုံမြို့ သဒ္ဒမဇောတိကာရာမကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဗဟိုသံဃာ့ဝန်ဆောင် ဘန္ဒန္တ သုမနထံမှ တက်ရောက်လာကြသည့်ဧည့်ပရိတ်သတ်အပေါင်းတို့က သီလ ခံယူဆောက်တည်ကြပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက ပရိယတ္တိဓမ္မပူဇာသဘင်နှင့်ပတ်သတ်၍ သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တင်ပြလျှောက်ထားသည်။ ယင်းနောက်တက်ရောက်လာသူများက ဆရာတော်ကြီးများထံ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။
သထုံမြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ သံဃာတော်နှင့် သီလရှင်များတို့အား ပရိယတ္တိပူဇာအဖြစ်မွန်ပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေအသင်းဝင်များ၊ ဆန်ကုန်သည်ကြီးအသင်းမှ ကိုယ်စားလှယ်များ၊ ဆီလုပ်ငန်းရှင်အသင်းမှ ကိုယ်စာလှယ်များ၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့သူ/ မြို့သားများ စုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး အဆိုပါအခမ်းအနားတွင် သထုံမြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း (၄၀) ကျောင်းတို့အတွက် တန်ဖိုးငွေကျပ် စုစုပေါင်း (၁၂၀၈၀၀၀၀)ရှိ ဆွမ်းဆန်၊ ဆီနှင့် နဝကမ္မအလှူငွေတို့ကို ဆပ်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
နဒီ
https://t.me/MyanmarNationalPost
No comments:
Post a Comment