သီတင်းကျွတ်ရုံးပိတ်ရက်ကာလတွင် ငွေဆောင်ကမ်းခြေ၌အပန်းဖြေသူများဖြင့် စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတင်းကျွတ်ရုံးပိတ်ရက်ကာလတွင် ငွေဆောင်ကမ်းခြေ၌အပန်းဖြေသူများဖြင့် စည်ကား



MNP - အောက်တိုဘာ   ၉


ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားရာမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၁ခု နှစ်၊ မတ်လ (၂၃) ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့သည့် ငွေဆောင်ကမ်းခြေတွင် ယခုနှစ်သီတင်းကျွတ်ရုံးပိတ်ရက်ကာလတွင် လာရောက်အပန်းဖြေသူများနှင့် စည်ကားလျက် ရှိသည်။


ငွေဆောင်ကမ်းခြေသည် သဲသောင်ပြင်သန့်ရှင်းခြင်းနှင့် ပင်လယ်ရေကြည်လင်ခြင်းကြောင့် ပင်လယ်ရေစိမ်ခြင်း၊ ရေကူးခြင်းဖြင့်အနားယူရန် နေရာကောင်းဖြစ်၍ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအတွက် အထူးစိတ်ဝင်စားရာ နေရာကောင်း တစ်ခုဖြစ် သည်။  ငွေဆောင်ကမ်းခြေမှတစ်ဆင့် အနီးပတ်ဝန်းကျင်ရှိ မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ချစ်သူများကျွန်း၊ ကျွန်းလျားရှည်၊ ဆင်မကျွန်းနှင့် ဘုရားသုံးဆူ၊ မိုးမခဆင်စခန်းများသို့ သွားရောက်လည်ပတ်နိုင်သည်။


ငွေဆောင်ကမ်းခြေတွင် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားသည့် ဟိုတယ်အလုံး ၃၀ နှင့် တည်းခိုခန်း ၇၀ တို့ရှိပြီး သီတင်းကျွတ်ကာလတွင် ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ယမန်နှစ်ကထက ပိုမိုများပြား ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ ငွေဆောင်ရုံးခွဲတာဝန်ခံ ဦးစီးအရာရှိ ဦးဌေးအောင်ထံမှ သိရသည်။


သတင်း - ကျော်လင်းဦး


 မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)