ပုသိမ်ကြီးမြို့နယ် သမဝါယမအသင်းစု၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အစားထိုး ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ကြီးမြို့နယ် သမဝါယမအသင်းစု၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အစားထိုး ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ



MNP - အောက်တိုဘာ   ၇


မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သမဝါယမအသင်းစု၏၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျတ်နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အစားထိုးရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီက သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ပထမပိုင်းတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးစိန်ထွန်းက အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်မိုးနွယ်က လုပ်ငန်းဆိုင်ရာများ ရှင်းလင်းခဲ့သည်။


ထို့နောက် အစည်းအဝေးတက်ရောက်လာသူများအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ၂၀၂၁ - ၂၀၂၂  မီနီဘတ်ဂျတ်၏ (၁၈) လစာ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်းများ၊ မြို့နယ်သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များ၊ အသင်း စာရင်းစစ်အဖွဲ့၏ အစီရင်ခံစာကိုလည်းကောင်း ဖတ်ကြားတင်ပြကြသည်။


ယင်းနောက် လုပ်ငန်းအစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးစာရင်းများ၊ ရှေ့လုပ်ငန်းစဉ်များ၊ အမြတ်ခွဲဝေစာရင်းများကို နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးမှ မှတ်တမ်းတင် အတည်ပြုချက်ရယူပြီးနောက် EXIM Bank ချေးငွေလုပ်ငန်းတွင် (၁၆) ကြိမ်အထိ အပြေအကြေ ပေးဆပ်ပြီး တာဝန်ကျေသော အခြေခံသမဝါယမအသင်း (၁၀) သင်းအား အသင်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။


အစည်းအဝေးဒုတိယပိုင်းတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်မှ သဘာပတိအဖြစ် ဆောင်ရွက်၍ မြို့နယ်သမဝါယမအသင်းစုအတွက် လစ်လပ်သွားသော အမှုဆောင် (၁) နေရာအား ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။              


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)