ပြည်ခိုင်ဖြိုးပါတီ တတိယအကြိမ် ပါတီညီလာခံ (၂၀၂၂ ) အတွေ့အကြုံရှင်းလင်းပွဲအား အင်းစိန်ခရိုင်တွင်ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပြည်ခိုင်ဖြိုးပါတီ တတိယအကြိမ် ပါတီညီလာခံ (၂၀၂၂ ) အတွေ့အကြုံရှင်းလင်းပွဲအား အင်းစိန်ခရိုင်တွင်ကျင်းပ

043-02

044

045

046


MNP ၊ အောက်တိုဘာ ၂၇

တတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲအား ယနေ့ ၃နာရီ အချိန်တွင် ကျင်းပ၍ ဗဟိုအရံကော်မတီဝင် အင်းစိန်ခရိုင်ဥက္ကဋ္ဌ ဦးမင်းသူထွန်း၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ဥက္ကဋ္ဌ ဦးကြည်စိုး၊ ၊ အင်းစိန်မြို့နယ် ဥက္ကဋ္ဌ ဦးသူရိန်လင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားအား နိုင်ငံတော်အလံအား အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုခြင်းဖြင့် ဖွင့်လှစ်ကာ ကျဆုံးသွားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များနှင့် ပါတီဝင်မိသားစုများ၊ တပ်မတော်သားများ ပြည်သူ့ဝန်ထမ်းများ၊ ရဟန်းရှင် လူပြည်သူများအား ဝမ်းနည်းခြင်းအထိမ်းအမှတ် အနေဖြင့် (၁)မိနစ်ငြိမ်သက်ခဲ့ကြသည်။


လှိုင်သာယာမြို့နယ်ဥက္ကဌ ဦးကြည်စိုးမှ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်နှင့် ပတ်သက်သည့် အကြောင်းအရာများအား တင်ပြဆွေးနွေးပြီး အင်းစိန်မြို့နယ်ပါတီဥက္ကဌ ဦးသူရိန်လင်း မှ အင်းစိန်မြို့နယ်နှင့်ပတ်သက်သည့် အကြောင်းအရာများတင်ပြဆွေးနွေးခဲ့ကြောင်း၊ ဗဟိုအရန်ကော်မတီဝင် အင်းစိန်ခရိုင် ဥက္ကဌ ဦးမင်းသူထွန်းမှ တတိယအကြိမ် ပါတီညီလာခံ (၂၀၂၂) အတွေ့အကြုံရှင်းလင်းခြင်း ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟို ဥက္ကဋ္ဌကြီး ဦးခင်ရီ၏ လမ်းညွှန်ချက်ဖြစ်သော ရွေးကောက်ပွဲအောင်နိုင်ရေး MAPPING ရေးဆွဲရန် ရှင်းလင်းခြင်း၊ တိုင်းဒေသကြီး ပါတီဥက္ကဌကြီး ဦးခင်မောင်စိုး၏ ညွှန်ကြားချက်များအားရှင်းလင်းခြင်း နှင့် PR စနစ်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် တက်ရောက်လာသော ပါတီဝင် (၇၂)ဦးအား ဗဟိုအရန်ကော်မတီဝင် အင်းစိန်ခရိုင် ဥက္ကဋ္ဌ ဦးမင်းသူထွန်းနှင့် လှိုင်သာယာမြို့နယ်ဥက္ကဋ္ဌများ မှ   ထောက်ပံ့ကြေးငွေများပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages