ရသေ့တောင်မြို့ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများမှ ဗဟုသုတတိုးပွားစေရန် စာအုပ်၊စာစောင်များကိုနေ့စဉ်ဌားရမ်းလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများမှ ဗဟုသုတတိုးပွားစေရန် စာအုပ်၊စာစောင်များကိုနေ့စဉ်ဌားရမ်းလျက်ရှိ




MNP ၊ အောက်တိုဘာ ၂၈

ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင်  ကျောင်းသား/ကျောင်းသူများမှ ဗဟုသုတတိုးပွားစေရန် စာအုပ်များကို  နေ့စဉ်ဌားရမ်းလျက်ရှိကြောင်းသိရသည်။


ထိုသို့လာရောက်ဌာရမ်းရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက ကလေးငယ်များကို ကလေးစာပေနှင့်သက်ဆိုင်သော ရွှေသွေးဂျာနယ်၊ ကာတွန်း၊ရုပ်ပြများကိုဌားရမ်းပေးပြီး  ပြည်သူ့စာကြည့်တိုက်ကို တစ်ပတ်လျှင် တနင်္ဂနွေ တစ်ရက်နှင့်အစိုးရရုံးပိတ်ရက်များသာပိတ်ထားပြီး နေ့စဉ်ဌားရမ်းပေးရာ စာအုပ်များကိုနေ့စဉ်လာရောက်အပ်နှံကြရန်၊ စာအုပ်ကိုရိုရိုသေသေကိုင်တွယ်ဖတ်ရှုရန်အမြဲပြောကြားပြီး ရပ်ကွက်နေပြည်သူများနှင့်ကျောင်းသား၊ကျောင်းသူများက တစ်နေ့လျှင် (၂၀)ဦးခန့်နေ့စဉ် လာရောက်ဌားရမ်းကြောင်းကိုရသေ့တောင်   ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးထံမှ သိရသည်။


စာကြည့်တိုက်တွင် စာအုပ်စာစောင်များဌားရမ်းပေးသည့်အပြင်စာပေ ဝါသနာရှင်များအတွက် အသိပညာဗဟုသုတတိုးပွါးစေရန်  စာအုပ်မိတ်ဆက် ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ ကျန်းမာရေးဆောင်းပါး မိတ်ဆက်ခြင်းစသည့် အစီအစဉ်များနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး၍  Online  မှတစ်ဆင့်တင်ဆက်ပေးသည့်လုပ်ငန်းများလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)