MNP ၊ အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များကို အများပြည်သူတို့ ဖတ်ရှုလေ့လာနိုင်ရန်ရည်ရွယ်၍ ယနေ့၊ နံနက် ပိုင်းကရသေ့တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမနှင့်ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသထားရှိပါသည်။
အဆိုပါကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များတွင်ကလေးအလုပ်သမားဖြစ်ပေါ်ရသည့်အကြောင်းရင်းများ၊ မြန်မာနိုင်ငံရှိ ကလးအလုပ်သမား များအရေအတွက်နှင့်ကလေးအလုပ်သမားများစွာ တွေ့ရှိနိုင်သည့် အခြေအနေများ၊ ကလေး အလုပ် သမား၏ အသက်အရွယ်အပိုင်းအခြား၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် အကာအကွယ်ပေးထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ ကလေးသူငယ်များတို့အပေါ် ခွဲခြား ဆက်ဆံမှုများ ပပျောက်ရေး၊ ကလေးသူငယ်များ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်များ စသည့်အကြောင်းအရာများနှင့်အများပြည်သူ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် အလုပ်ခေါ်စာများအား ခင်းကျင်းပြသထားရှိရာ ဒေသခံပြည်သူများ ကျောင်းသား လူငယ်များစိတ်ပါဝင်စားစွာ လာရောကလေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment