မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးထုတ်ကုန်လုပ်ငန်းများပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးထုတ်ကုန်လုပ်ငန်းများပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနား ကျင်းပ



MNP - အောက်တိုဘာ  ၃၁


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးထုတ်ကုန်လုပ်ငန်းများပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က မကွေးခရိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း၊ တိုင်းဒေသ ကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးထုတ်ကုန်လုပ်ငန်းရှင်များနှင့် ပြပွဲသို့ လာရောက်ကြည့်ရှုကြသည့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။


ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးထုတ်ကုန်လုပ်ငန်းများပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး ထုတ်ကုန်လုပ်ငန်းများပြပွဲနှင့် ဈေးရောင်းပွဲတော် ခင်းကျင်းပြသထားမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။


အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကမောင်းနှင်အားဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် MSME လုပ်ငန်းများသည် (၉၀)ရာခိုင်နှုန်းကျော် ပါဝင်လျက်ရှိသည်ကို လေ့လာချက်များအရ တွေ့ရှိရ ပြီး မိမိတို့တိုင်းဒေသကြီးအတွင်း အငယ်စား (၁၉၇၇)ခု၊ အလတ်စား(၇၀၈)ခု၊ အကြီးစား(၂၀၉)ရှိပြီး စုစုပေါင်း(၂၈၉၄)ရှိသည်ကို တွေ့ရှိရပါကြောင်း၊ MSME လုပ်ငန်းများအနေဖြင့် ကုန်ထုတ်လုပ်ငန်းကို အဓိကထားသည့် စီးပွားရေးလုပ်ငန်း၊ ရောင်းဝယ်ဖောက်ကာခြင်းကို အဓိထားသည့် စီးပွားရေး လုပ်ငန်း၊ ဝန်ဆောင်မှုကို အဓိကထားသည့် စီးပွားရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းများဟူ၍ ရှိပြီး မိမိတို့ တိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် ထုတ်ကုန်ပစ္စည်းထုတ်လုပ်ခြင်းအား အဓိကထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အလားအလာရှိသည့် ဆန်စက်၊ ဆီစက်၊ ချည်ထည်လုပ်ငန်းများနှင့် ပြည်ပပို့ကုန်လုပ်ငန်းများဖြစ်သည့် နှမ်းလှော်၊ နှမ်းဆီမွှေး၊ ဇီးနှင့်မန်းကျည်းဖျော်ရည်လုပ်ငန်းများအပြင် မြေပဲဆားလှော်၊ အာလူးကြော်စသည့် စာသောက်ကုန်လုပ်ငန်းများအား အဆင့်မြှင့်တင်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အားပေးကူညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဒါ့အပြင် ယခုကျင်းပပြုလုပ်မည့် MSME လုပ်ငန်းရှင်များ၏ စကားဝိုင်းဆွေးနွေးပွဲ (Panel Discussion)တွင် ပါဝင်ဆွေးနွေကြမည့် လုပ်ငန်းရှင်များ၏ ဘဝအတွေ့အကြုံ၊ ဖြတ်သန်းလာသည့် အခက်အခဲများအား ကြားသိရမည်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် MSME လုပ်ငန်းရှင်များ၏ စကားဝိုင်းဆွေးနွေးပွဲ (Panel Discussion) တွင် ပါဝင်ဆွေးနွေကြမည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး ထုတ်ကုန်လုပ်ငန်းရှင် များ စကားဝိုင်းဆွေးနွေးပွဲ (Panel Discussion) ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)