အမ်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေလွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေလွှဲပြောင်းပေးအပ်



MNP ၊ အောက်တိုဘာ ၇

ရခိုင်ပြည်နယ်၊  အမ်းခရိုင်၊  အမ်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက် သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်အချိန်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဂါယ်လောင်းကျေးရွာမှ ကော်မတီဝင်များ တက်ရောက်ကြပြီး အမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ကျပ်ဖြင့် ကျေးရွာတွင် ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ နေကြာ၊ မြေပဲ တို့ကို စိုက်ပျိုးရန်ဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများအနေဖြင့် တစ်ဧကအထွက်နှုန်းတိုးတက်မြင့်မားရေး စနက်တကျစိုက်ပျိုးကြရန်လိုပါကြောင်း၊ စိုက်ပျိုးမည့်တောင်သူ(၆၁)ဦးအား ထောက်ပံ့ရန်ပုံငွေထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးညီညီက မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ကျပ် အား မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဂါယ်လောင်းကျေးရွာမှ ကော်မတီဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)