သင်္ဃန်းကျွန်းမြို့နယ်တွင် သတင်းရေးသားနည်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ဃန်းကျွန်းမြို့နယ်တွင် သတင်းရေးသားနည်းသင်တန်းဖွင့်လှစ်



MNP ၊  အောက်တိုဘာ ၁၈

ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်တစ်ရပ်ဖြစ်သည့် ပြန်ကြားပေးရန် ဆိုသည့် စကားအတိုင်း မိမိတို့ဒေသအတွင်း နေစဉ်ဖြစ်ပေါ်နေသော သတင်းအချက်အလက်များကို ပြည်သူများ အချိန်နှင့်တစ်ပြေးညီ မှန်ကန်မြန်ဆန်စွာ သိရှိနိုင်စေရန်နှင့် မိမိတို့နယ်မြေဒေသအတွင်း သတင်းတာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ၏ အရည်အသွေးများ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့်  ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန၌ သတင်းရေးသားနည်းသင်တန်းကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပြီး တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်-၂ ဦးနိုင်လင်းအောင်(တာမွေ)က သင်္ဃန်းကျွန်းမြို့နယ်၊ တာမွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ ပိုင်း)မြို့နယ်၊ ဒေါပုံမြို့နယ်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် သတင်းတာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်း(၂၀)ဦးအား သတင်းဆိုသည့်အဓိပ္ပါယ်၊ သတင်းဓာတ်ပုံ ရိုက်ကူးနည်း၊ သတင်းအချက် အလက်စုဆောင်းနည်း၊ သတင်းနှင့် သတင်းဆောင်းပါးတို့အား သဒ္ဒါအသုံးအနှုန်း၊ ဝါကျဖွဲ့စည်းပုံနှင့် သတ်ပုံ စာလုံးပေါင်း မှန်ကန်ပြီး နည်းစနစ်ကျနစွာ ရေးသားနည်းများကို  စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးခဲ့ ကြောင်းသိရသည်။

အဆိုပါသင်တန်းတက်ရောက်ခြင်းအားဖြင့် သတင်းတာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ ယခင်ကထက် ပိုမိုမြင့်မားလာနိုင်ပြီး ပြည်သူများအနေဖြင့် နယ်မြေဒေသအတွင်းရှိ သတင်းများအား တိကျမှန်ကန်စွာဖြင့် အချိန်နှင့်တစ်ပြေးညီ သိရှိလာနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်၊၊


ထက်တံခွန်(တာမွေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)