ကျိုက်ထီးရိုးဘုရားဖူးတောင်တက်ကားဂိတ်အား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ကြိုးပမ်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထီးရိုးဘုရားဖူးတောင်တက်ကားဂိတ်အား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်









MNP ၊ အောက်တိုဘာ ၃၁

၁၂-၁၀-၂၀၂၂ ရက်နေ့ (၁၀၄၀)အချိန်ခန့် ကျိုက်ထီးရိုးဘုရားဖူးတောင်တက် ကားဂိတ် အား သောင်းကျန်းသူ/အကြမ်းဖက်အုပ်စု PDF (၁၂)ဦးခန့် 4 Wheel ယာဉ်တစ်စီးဖြင့် ရောက်ရှိကာ မိုးမိုးကတွတ်ယိုဆိုင်အနီးမှ သေနတ်များဖြင့် စတင်လာရောက်ပစ်ခတ်ရာ လုံခြုံရေးတပ်ဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားပြီး သောင်းကျန်းသူအကြမ်းဖက် PDF အဖွဲ့သည် မော်တော် ယာဉ်ဖြင့် ဆောင်နိုင်ကြီး ကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။


ဖြစ်စဉ်တွင် သောင်းကျန်းသူ/အကြမ်းဖက်အုပ်စု PDF ၏ ပစ်ခတ်မှုကြောင့် ကျား(၁)၊ မ(၃) ဦးသေဆုံး ၊ ရဲတပ်သား (၁)၊ ကျား(၇)၊ မ(၁၀) ဒဏ်ရာရခဲ့ ၊ ကင်မွန်းချောင်း(နမစ) (ပ) ၂၆/၂၂ ၊ အကြမ်းဖက်ပုဒ်မ ၅၄ ဖြင့် အမှုဖွင့်လှစ်စုံစမ်းခဲ့ပါသည်။

 

အခင်းဖြစ်ရပ်သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲချုပ်နှင့် တာဝန်ရှိသူများ၊ မှုခင်းရဲတပ်ဖွဲ့မှ ကျွမ်းကျင်ပညာရှင် များဖြင့် သွားရောက်စိစစ် စုံစမ်းဖော်ထုတ်ခဲ့ရာ မျက်မြင်သက်သေ (၂၅)ဦး ထွက်ဆိုချက်များ ၊ သေဆုံးဒဏ်ရာ ရသူများနှင့်ပတ်သက်သည့် ဆေးစာပြန်ကြား ချက်များ ၊ ခိုင်မာသော လုံခြုံရေးအထောက် အကူပြု မှတ်တမ်းများ ၊ ဘုရားဖူးတောင်တက် မော်တော်ယာဉ် ဝန်းအတွင်း မှ သက်သေခံ အထောက်အထားများ တွေ့ရှိခဲ့ရပါသည်။ စုံစမ်းစစ်ဆေးဖော်ထုတ် ချက်အရ သောင်းကျန်းသူ/အကြမ်းဖက်အုပ်စု PDFအဖွဲ့သည် ဘုရားဖူးတောင်တက်မော်တော် ယာဉ်ဝန်း အနောက်ဘက် ကျိုက်ထီးရိုး - ကင်မွန်းချောင် သွားလမ်းဘေး ဈေးဆိုင်များဖြစ်ကြသည့် ရွှေနဂါးဈေးဆိုင်၊ ဌေးမြင့်အောင် ကတွတ်ယိုဆိုင်၊ မိုးမိုးကတွတ်ယိုဆိုင် တို့နှင့် ဘုရားဖူးတောင်တက် မော်တော်ယာဉ်ဝန်း အနောက် မြောက်ဘက် ထွက်ပေါက် နေရာတို့မှ နေရာယူကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၊ ဘုရားဖူး တောင်တက်မော်တော်ယာဉ်ဝန်း အတွင်းရှိ ဘုရားဖူးလှေကား တက်စင်သို့လည်းကောင်း၊ ဘုရားဖူးတောင်တက်မော်တော်ယာဉ် ဝန်းအတွင်း မြောက်ဘက်အစွန်ဆုံးရှိ လုံခြုံရေးအဖွဲ့နေရာသို့ လည်းကောင်း ပစ်ခတ်ခဲ့ကြောင်း တွေ့ရှိရပြီး အထောက်အထားများ အနေဖြင့် သောင်းကျန်းသူ/ အကြမ်းဖက်အုပ်စု PDF များ နေရာယူပစ်ခတ်ခဲ့သည့် ရွှေနဂါးဈေးဆိုင် ရှေ့ လမ်းမပေါ်မှ M 16 ကျည်ခွံများ၊ AK 47 ကျည်ခွံများ၊ မိုးမိုးကတွတ်ယို (မစိုးမြတ်မြတ်မွန်)ဆိုင်ရှေ့မှ M 16 ကျည်ခွံများ၊ ၄၀ မမ ကျည်ခွံများ၊ မိုးမိုးကတွတ်ယို (ဦးစိုးမိုးသူ)ဆိုင် အပြင်ဘက် အနောက်ဘက်ထောင့်နေရာမှ M 16 ကျည်ခွံ များနှင့် ဆိုင်ရှေ့ဝဲဘက်ထောင့်မှ M 16 ကျည်ခွံများ၊ ဘုရားဖူးတောင်တက်မော်တော်ယာဉ်ဝန်း အနောက် မြောက်ထောင့် ဝင်ထွက်ပေါက် ဘယ်ဘက်ခြမ်းမှ M 16 ကျည်ခွံများ နှင့် မြေထိန်းနံရံအနီးမှ AK 47 ကျည်ခွံများ တွေ့ရှိရသည့်အပြင် ဘုရားဖူးတောင်တက် မော်တော်ယာဉ်ဝန်းအတွင်း ဘုရားဖူးယာဉ်ပေါ်သို့တက်သည့် လှေကားတက်စင်တွင် ရပ်ထား သည့် 3K-6534 Fuso ယာဉ်၏ အနောက်ဘက် ကွန်ကရစ်တိုင်အား ထိမှန်ထားသည့် ၄၀ မမ ဗုံးသီး အပိုင်းအစများ၊ ပုံစံပျက်နေသည့် ကျည်ထိပ်ဖူးများ၊ ဘုရားဖူးတောင်တက်မော်တော်ယာဉ် ဝန်းအတွင်း မြောက်ဘက်ရှိ လုံခြုံရေးတပ်ဖွဲ့များ အခြေပြုဘန်ကာအား ထိမှန်ထားသည့် နေရာများမှ AK 47 ကျည်ထိပ်ဖူးများအား သက်သေများနှင့်အတူ ရှာဖွေ သိမ်းဆည်းရမိ ခဲ့ပါသည်။

သောင်းကျန်းသူ/အကြမ်းဖက်အုပ်စု PDF များ၏ ပစ်ခတ်မှုကြောင့် ဘုရားဖူးတောင်တက် မော်တော်ယာဉ်ဝန်းအတွင်း ဘုရားဖူးယာဉ်ပေါ်သို့တက်သည့် လှေကား တက်စင်တွင် ဒေါ်သန်းသန်းနွယ် (၄၂)နှစ်၊ ရန်ကုန်မြို့နေသူသည် သောင်းကျန်းသူ/အကြမ်းဖက်အုပ်စု PDF များ ၏ လက်နက်ငယ်ထိမှန်မှုကြောင့် ဦးခေါင်းယာဂျိုစောင်း ဖောက်ထွက်ဒဏ်ရာ (၁)ချက် ဖြင့် သေဆုံးခြင်း၊ ကျော့ကေခိုင် (၂၁)နှစ် ၊ ရန်ကုန်မြို့နေသူသည်လည်း ဦးခေါင်း နောက်စေ့ မှ ကျည်ဖောက်ဝင်ဖြတ်ထွက်ဒဏ်ရာ(၁)ချက်၊ ယာခြေဖမိုး လက်နက်ကြီး ကျည်အစထိမှန် ဒဏ်ရာ (၁)ချက်တို့ဖြင့်သေဆုံးခြင်း၊ ဘုရားဖူး လှေကားတက်စင်တွင် ရပ်ထားသော 3K-6534 Fuso ယာဉ်ပေါ် ဝဲဘက်ထိုင်ခုံနောက်ဆုံးတွင်ထိုင်နေသူ ဒေါ်အေးအေးကြည် (၅၀)နှစ် ၊ ရန်ကုန်မြို့ နေသူသည် လက်နက်ငယ်ထိမှန်မှုကြောင့် ယာပါးမှ ဖောက်ဝင်၊ ဝဲပါးပေါက်ပြဲထွက်သည့် ဒဏ်ရာဖြင့် သေဆုံးခြင်း၊ ထိုကားပေါ်တွင် ထိုင်နေသူ ထွန်းဝင်းအေး (၃၂)နှစ် ၊ ရန်ကုန်မြို့နေသူသည် လက်နက်ကြီး ကျည်စ၊ လက်နက်ငယ်ကျည်တို့ ထိမှန်သောကြောင့် နောက်ကျောဝဲဘက် မှဝမ်းဗိုက် ယာဘက်သို့ ကျည်ထိမှန်ဖောက်ထွက် ဒဏ်ရာများဖြင့် သေဆုံးခြင်း၊ ဘုရားဖူး လှေကား တက်စင် အနီးအနားရှိ လုံခြုံရေး ဆောင်ရွက် ပေးနေသော ရဲတပ်သား အောင်ပြည့်ဖြိုးပါ ဘုရားဖူးခရီးသည် ကျား(၇)၊ မ(၁၀)ဦး တို့၏ ကိုယ်ခန္ဓာ အသီးသီးတွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။


ဖော်ပြပါ ပစ်ခတ်မှု ဖြစ်စဉ်၌ စိစစ်တွေ့ရှိရသော မျက်မြင်သက်သေများ၊ သေဆုံးဒဏ်ရာ ရသူ များ၏ ဆေးစာအထောက်အထားများ ၊ သောင်းကျန်းသူ/ အကြမ်းဖက်အုပ်စု PDFများ အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းအထောက်အထားများ၊ အခြားခိုင်မာသည့် မှတ်တမ်း အထောက်အထားများအရ သောင်းကျန်းသူ/အကြမ်းဖက်အုပ်စု PDF အဖွဲ့သည် ဘုရားဖူး တောင်တက်ကားဝန်း အနောက်ဘက်မှ နေရာယူ၍ လက်နက်ကြီး ၊ လက်နက်ငယ် များဖြင့် ဘုရားဖူးတောင်တက် ကားဝန်းအတွင်းရှိ ဘုရားဖူးလှေကား တက်စင်သို့ လည်းကောင်း ၊ လုံခြုံရေးအဖွဲ့ အခြေပြုအဆောင်သို့လည်းကောင်း ဦးတည်ပစ်ခတ် ခဲ့ကြောင်း အထောက်အထား ခိုင်မာစွာ စိစစ်တွေ့ရှိရပါသည်။

ဘုရားဖူးတောင်တက်ကားဝန်း အတွင်းမြောက်ဘက် ဘန်ကာရှိ လုံခြုံရေးတပ်ဖွဲ့ဝင် များက သောင်းကျန်းသူ/အကြမ်းဖက်အုပ်စု PDF များအား ပြန်လည်ပစ်ခတ်ခဲ့ရာ သောင်းကျန်းသူ/ အကြမ်းဖက်အုပ်စု PDF များ နေရာယူထား သည့် မိုးမိုးကတွတ်ယိုဆိုင် ဘက်သို့ ထိမှန်ခဲ့ပြီး အဆိုပါ မိုးမိုးကတွတ်ယိုဆိုင်အတွင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့သည့် ကျည်ထိပ်ဖူး ပုံပျက်အပိုင်းအစများ စိစစ်တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် များ ပြန်လည်ပစ်ခတ် ခဲ့သည့် လားရာအရပ်သည် ဘုရားဖူးပြည်သူများရှိနေသည့် အရပ်မျက်နှာနှင့် ဆက်စပ်မှု မရှိကြောင်း မြေပြင်အထောက် အထားအရ စိစစ်တွေ့ရှိရ သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မှားယွင်းပစ်ခတ်ခဲ့ခြင်း တစ်စုံတစ်ရာ မရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

မျက်မြင်သက်သေများ၊ ယခင်ဖြစ်စဉ်အထောက်အထားများ စိစစ်တွေ့ရှိချက်အရ ဘုရားဖူး ပြည်သူများအား ပစ်ခတ်ခဲ့သည့် အဖွဲ့တွင် KNU တပ်မဟာ(၁)သို့ခိုလှုံပြီး KRF အကြမ်းဖက် အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသူ အေးမင်းထွန်း ( ရဲပြေး / ယခင်မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏လူယုံတော်)ဆိုသူ ဦးဆောင်ခဲ့ကြောင်း ၊ ၎င်းနှင့်အတူ ရဲသွေးနီ (ယခင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်ဆောင်၏ ယာဉ်မောင်း) ၊ NUG ကျားဖြူ တပ်ခွဲ(၄)၊ သထုံခရိုင်အဖွဲ့၊ KNU တပ်မဟာ (၁)၊ တပ်ရင်း(၃)တပ်ရင်းမှူး ဒါးနယ်ထူးတို့အဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။

အေးမင်းထွန်း (ရဲပြေး)သည် KNU တပ်မဟာ (၁)တွင် ခိုလှုံခဲ့ပြီးနောက် မွန်ပြည်နယ်၊ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါက်တာ ခင်ဆောင်(တရားခံပြေး)၊ ဦးလှမြင့်သန်း (တရားခံပြေး)၊ ဒေါ်သီရိရတနာ (တရားခံပြေး)၊ လုပ်ငန်းရှင်များ ဖြစ်ကြသည့် ကျော်မျိုးမင်း (တရားခံပြေး)၊ အောင်ကျော်သူ (တရားခံပြေး)၊ ဦးခင်တိုး(တရားခံပြေး) တို့နှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း၊ ရဲသွေးနီး ၊ KNU တပ်မဟာ (၁) ၊ ရင်း(၃)မှူး ဒါးနယ်ထူးတို့နှင့် ပူးပေါင်းကာ ၁၅-၉-၂၀၂၂ နေ့ကလည်း ဘီးလင်းရဲစခန်းနယ်မြေတွင် DENKO ဆီဆိုင်မှ ဆီဘောက်စာယာဉ်(၁)စီးအား ပြန်ပေးဆွဲခဲ့သဖြင့် ဘီးလင်းမြို့မ ရဲစခန်း (ပ)၁၂၇/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၃၆၅ အရ ဖမ်းဆီးရန်အလိုရှိနေသော တရားခံများဖြစ်ကြောင်း ။

အေးမင်းထွန်းသည် မျိုးလင်းထွဋ်(ခ)မှုံကြီး (ဖမ်းမိ)၊ စောထွန်းဝင်း (ဖမ်းမိ)တို့နှင့် ပူးပေါင်းကာ KRF (ကျိုက်ထိုတော်လှန်ရေးအဖွဲ့)အဖြစ် ဖွဲ့စည်းခဲ့ပြီး ကျိုက်ထိုမြို့တွင်း ဖောက်ခွဲရေး လုပ်ငန်း စီစဉ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့လှုပ်ရှားမှုများ ၊ အရေးကြီးပုဂ္ဂိုလ် ခရီးစဉ်များ သတင်းရယူ လုပ်ကြံတိုက်ခိုက်ရေး စီမံခဲ့ခြင်းများကြောင့် ကျိုက်ထိုရဲစခန်း (ပ)၂၁၂/၂၀၂၁၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မ ၅၀(က)(ဈ)/၅၂ (ဃ) တို့အရ အလိုရှိနေသော တရားခံ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ၎င်းတရားခံများ အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများမှ လျှို့ဝှက်စွာ သတင်းပေးပို့ နိုင်ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားကြောင်း သိရသည်။  


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)