ရွာငံမြို့နယ်တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွာငံမြို့နယ်တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

 



MNP - အောက်တိုဘာ ၁၄


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင် ရပ်တည်နေထိုင်ကာ အမျိုးသား/ အမျိုးသမီးများ မိသားစုအိမ်တွင်း တစ်နိုင်စီးပွားပြုနိုင်ရန် ရည်ရွယ်ပြီး အိမ်တွင်းမှုသက်မွေးပညာရပ်များ တတ်မြောက်စေရန်အလို့ငှာ စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၌ ကျင်းပခဲ့သည်။ စက်ချုပ်သင်တန်းတွင် အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးဖြူ က သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်သည်များ၊ အခြေခံသင်တန်းမှစ၍ အဆင့်မြင့်သင်တန်း၊ အထူးသင်တန်း၊ ဒီဇိုင်းပညာသင်တန်း ကျွမ်းကျင်အဆင့်အထိ တက်ရောက်ကြရန်များကို ရှင်းလင်းပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ သင်တန်းတွင် သုံးလွှာစကတ်၊ လေးလွှာစကတ်၊ ချိတ်ထမီ၊ ဘောင်းဘီရှည်၊ ရင်စေ့လည်ဝိုင်း၊ နောက်ကွဲဇစ်ပျောက်၊ ရင်ဖုံးများစသည့် ဘာသာရပ်များဖြင့်  လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)