ကျိုက်ထိုမြို့နယ်တွင် (လူသုံးကုန်ပစ္စည်းပြုလုပ်နည်း)သင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် (လူသုံးကုန်ပစ္စည်းပြုလုပ်နည်း)သင်တန်း ဖွင့်လှစ်





MNP ၊ အောက်တိုဘာ ၁၂

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ် ကော့ဘိန်း(စံပြကျေးရွာ)၌ အောက်တို ဘာ ၁၂ရက် နံနက် ၁၀ နာရီတွင် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေ ပြည် သူများ အပိုဝင်ငွေရရှိစေရန် နှင့် အသက် မွေးဝမ်းကျောင်းအထောက် အကူပြုစေရန် (လူသုံးကုန်ပစ္စည်းပြုလုပ်နည်း)သင်တန်းကို ကျေးရွာမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကျိုက်ထိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမြို့နယ်ဦးစီးမှူး(ဦးစီးအရာရှိ) ဒေါ်ခင်ဇော်လတ် မှမိမိတို့ဌာအနေဖြင့်‌ကျေးလက်နေပြည်သူများဖွံ့ဖြိုးတိုးတက်စေရန် အ တွက်ရည်ရွယ်ပြီးကျေးရွာများတွင်တနိုင်တပိုင်စိုက်ပျိုးမွေးမြူရေးနှင့်အိမ်တွင်းမိသားစု စီးပွားဖြစ် အတတ်ပညာများအား ကျေးရွာအရောက်အတတ်ပညာ၊ အသိ ပညာရှင်များဖိတ်ခေါ်၍သင်ယူပေးလျှက် ရှိသည့်အတွက်တက်ရောက်လာသည့်သင်တန်းသူများအနေဖြင့်သင်တန်းပြီးဆုံးအောင်တက်ရောက်ဖို့လိုကြောင်းပြောကြားပြီးသင်‌ ထောက်ကူပစ္စည်းများပေးအပ်ခဲ့သည်။

ယင်းနောက်သင်တန်းနည်းပြများမှ ဘက်စုံသုံးဆပ်ပြာရည်ပြုလုပ်နည်း၊ ခေါင်းလျှော်ဆပ်ပြာရည်ပြုလုပ်နည်း ၊ ရေချိုးဆပ်ပြာရည်ပြုလုပ်နည်းနှင့်ဆပ်ပြာခဲပြုလုပ်နည်းတို့ကိုရှင်းလင်းပြောကြားပြီး လက်တွေ့သင်ကြားပြသခဲ့သည်။

အဆိုပါသင်တန်းသို့သင်တန်းသူ (၁၅) ဦးတက်ရောက်ပြီးသင်တန်းနည်းပြ(၃)ဦးမှ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီထိ (၅)ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။


ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)