ဇေယျာသီရိမြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဆင့်ပွားသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရိမြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဆင့်ပွားသင်တန်းဖွင့်လှစ်

 


MNP - အောက်တိုဘာ  ၂၉


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ဇေယျာသီရိမြို့နယ်တွင် ၂ဝ၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျောက်ချက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။  


အခမ်းအနားတွင် နေပြည်တော်တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညိုက အခြေခံ ပညာကျောင်းများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများတိုးတက်ကောင်း မွန်လာစေရန်၊ အခြေခံပညာ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုနှင့် စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန်၊ အခြေခံပညာဦးစီးဌာန၏ စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စစ်ဆေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက် နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် ဇေယျာသီရိခရိုင် ပညာရေးမှူး ဦးရဲသူရခင်စိုးတို့က အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ထပ်ဆင့်အမှာ စကားပြောကြားခဲ့သည်။                               


အဆိုပါ သင်တန်းသို့ ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းတို့မှ ကျောင်းအုပ် ဆရာ/ဆရာမ စုစုပေါင်း (၅၇)ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် စီမံ၊ဘဏ္ဍာ၊ ပညာလုပ်ငန်းများ၊ ကြီးကြပ်အကဲဖြတ်လုပ်ငန်းနှင့် စီမံကိန်းစာရင်းအင်းများကို မြို့နယ် ပညာရေးမှူး ဦးခင်မောင်လွင်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းသူတို့က အောက်တိုဘာလ၂၉ ရက်နေ့မှ ၃၀ ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ထွန်းလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)