ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂) ကျင်းပ


MNP ၊ အောက်တိုဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂)ကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့လက်ထက်တွင် လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် ခွင့်မပြုခဲ့သော်လည်း ယခင်ခွင့်ပြုပေးခဲ့သည့် လယ်ယာမြေများအား ပြန်လည်စိစစ်၍ စည်းကမ်းချက်အတိုင်း ဆောင်ရွက်ခြင်းမရှိပါက လယ်မြေအဖြစ် ပြန်လည် သတ်မှတ်နိုင်ရေး ဆောင်ရွက်ရန်၊ မြေယာအယူခံမှုများနှင့် ပတ်သက်၍ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်၍ တက်ရောက်လာသည့် အဖွဲ့ဝင်များအနေဖြင့် မြေယာအယူခံမှု တစ်ခုချင်းစီအား သေချာစိစစ်၍ ဆုံးဖြတ်ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေအား အခြားနည်းအသုံးပြုခြင်း မရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ လိုအပ်ပါက တားဆီးခြင်းနှင့် အရေးယူခြင်းများကို ချက်ခြင်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လယ်ယာမြေများအား အခြားသီးနှံ ပြောင်းလဲ စိုက်ပျိုးခြင်း၊ နှစ်ရှည်သီးနှံပြောင်းလဲ စိုက်ပျိုးခြင်းတို့မှတစ်ဆင့် မြေယာ အမျိုးအစား ပြောင်းကာ အခြားနည်းလျှောက်ထားမှုများ မရှိစေရေး မြေပြင်တွင်စနစ်တကျ ကွင်းဆင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လယ်ယာမြေများ အကြောင်းမဲ့ဆုံးရှုံးမှုမဖြစ်စေရေး သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ ကြီးကြပ်ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။ 

ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်သန်းလွင်က ဌာနဆိုင်ရာ ရုံးအဆောက်အဦများအတွက် မြေယာအမှုတွဲ(၆)တွဲ၊ ပုံစံ(၇) ပယ်ဖျက်ခြင်း အမှုတွဲ(၁)တွဲနှင့် မြေယာအယူခံမှု အမှုတွဲ(၄)တွဲတို့အား Power Point ဖြင့် အသေးစိတ်တင်ပြခဲ့ရာ တက်ရောက်လာသည့် အဖွဲ့ဝင်များက အကြံပြုဆွေးနွေးခဲ့မှုပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆုံးဖြတ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ 


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)