ကွမ်းလုံမြို့၌ ကျောင်းကြက်ခြေနီ အခြေခံရှေးဦးပြုစုနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွမ်းလုံမြို့၌ ကျောင်းကြက်ခြေနီ အခြေခံရှေးဦးပြုစုနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ




MNP - အောက်တိုဘာ  ၃၀


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ကျောင်းကြက်ခြေနီ အခြေခံရှေးဦး ပြုစုနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်က ကွမ်းလုံမြို့နယ်အခြေခံပညာအထက်တန်းကျောင်းရှိ သံလွင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယမြို့နယ်ပညာရေးမှူးဦးဝဏ္ဏမြင့်နှင့် ကျောင်းအုပ်ဆရာကြီးဦးအောင်ကျော်စိုး၊ ကွမ်းလုံမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးစောသန်းလွင်နှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။


အခန်းအနားတွင် ကွမ်းလုံမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူးမှ ကျောင်းကြက်ခြေနီ အခြေခံရှေးဦးပြုစုနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို အောင်မြင်စွာ ဖွင့်လှစ်သင်ကြားနိုင်ခဲ့သည့်အတွက် ကျေးဇူးတင်စကားအား ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းတွင်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်းနှင့် ကြက်ခြေနီအထောက်အကူပြုပစ္စည်းများပေးအပ်ခြင်းတို့ကို တာဝန်ရှိသူအသီးသီးတို့မှ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


အဆိုပါ  ကျောင်းကြက်ခြေနီ  အခြေခံရှေးဦးပြုစုနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ကို ၂၅-၁၀-၂၀၂၂ ရက်နေ့မှ ၂၉-၁၀-၂၀၂၂ ရက်နေ့ထိ (၅)ရက်အကြာဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကွမ်းလုံမြို့နယ်အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း(တပ် တွင်း)တို့မှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)