ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများ ဂွမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှု စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများ ဂွမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှု စစ်ဆေး





MNP ၊ အောက်တိုဘာ ၃၀

 ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းနှင့် နေ့လည်ပိုင်းတွင် ဂွမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။


ပြည်နယ်ဝန်ကြီးများနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကျိန္တလီမြို့ကမ်းခြေဆင်း ပတ်လမ်း တိုးချဲ့နေမှုများအားလည်းကောင်း၊ နေ့လည်ပိုင်းတွင် ဂွ-ငါးသိုင်းချောင်း ကားလမ်းပေါ်ရှိ ဒေါင့်ချောင်းပူးပေါင်းစစ်ဆေးရေးဂိတ် ဆောက်လုပ်ထားရှိမှု အခြေအနေ၊ စည်ပင်ပန်းခြံနှင့် မြို့နယ်ခန်းမ ဆောက်လုပ်နေမှု အခြေအနေများ၊ ရွာမရပ်ကွက်ရှိ မြစိမ်းရောင်လမ်း ခင်းကျင်းနေမှုအခြေအနေ၊ ဂွ -မကျေးငူတံတား ပြီးစီးမှု အခြေအနေနှင့်  ကျောက်ချွန်ကျေးရွာရှိ ရွှေရတီ ကမ်းခြေအိမ်ရာ စီမံကိန်း ဆောက်လုပ်နေမှု အခြေအနေ တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံး ပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေး၊ စက်ပစ္စည်းများ စနစ်တကျ တပ်ဆင်အသုံးပြုရေးနှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)