ကသာမြို့၌ မြို့နယ်စာရေးဆရာအသင်းဝင်ကဒ်ပေးအပ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာမြို့၌ မြို့နယ်စာရေးဆရာအသင်းဝင်ကဒ်ပေးအပ်ပွဲ ကျင်းပ




MNP - အောက်တိုဘာ   ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)မှပေးအပ်သော မြို့နယ်စာရေးဆရာအသင်းဝင်ကဒ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ကျင်းပပြုလုပ်သည်။


အဆိုပါ မြို့နယ်စာရေးဆရာအသင်းဝင်ကဒ်ပေးအပ်ပွဲတွင် ရှေးဦးစွာ ကသာမြို့နယ်စာရေးဆရာ အသင်းနာယက ဦးချစ်မြိုင်(ကသာ-သင်းမွှေး)က အဖွင့်အမှာစကားပြောကြားခဲ့ရာ ယခင်ကစာရေး ဆရာအသင်းဝင် ၂၀ ဦးရှိပြီး ယခုစာရေးဆရာနှစ်ဦးထပ်တိုးခဲ့ကြောင်း မိမိမြို့နယ်အတွက်ဂုဏ်ယူရတလို မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)အတွက်လည်း အင်အားတစ်ရပ်တိုးလာကြောင်း၊ မြို့နယ်စာရေးဆရာအသင်းနှင့်ပတ်သက်သည်များကို အသင်းဝင်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဘမောင်(ကိုဘ-ကသာ)က ဦးမောင်မြင့်(မောင်မြင့်-ကသာ)ကိုလည်းကောင်း၊ ဦးမောင်လေး(မောင်လေး-ကသာ)က စာရေးဆရာ ဦးသန်းဦး(ကြယ်ပြောင်-ကသာ)ကိုလည်းကောင်း စာရေးဆရာအသင်းဝင်ကဒ်များ အသီးသီးပေးအပ်ခဲ့သည်။


ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဌ ဦးဘမောင် (ကိုဘ-ကသာ)နှင့်အသင်း၏ ဘဏ္ဍာရေးမှူး ဦးခင်မောင်ဦး (ဦးရဲ-ကသာ)တို့က အသင်း၏ဘဏ္ဍာရေးဆိုင်ရာ အခြေအနေများနှင့် လိုအပ်သည်များကို ရှင်းလင်းတင်ပြကြပြီး အသင်းဝင်များက လိုအပ်သည်များကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း၊ မြို့နယ်စာရေးဆရာများ၏ အသင်းဝင်လျောက်လွှာများ၊ ပေးပို့သည့်စာမူများနှင့် မှတ်တမ်းဓါတ်ပုံများကို ဖိုင်များဖြင့်မှတ်တမ်ထားရှိကြောင်း၊  အသင်း၏စည်းရုံးရေး၊ တိုးတက်ရေးနှင့် ဘဏ္ဍာရေးအခြေအနေများ၊ အသင်း၏ရန်ပုံငွေတိုးတက်ရေး စသည်တို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ စာရေးဆရာ ဦးသန်းဦး(ကြယ်ပြောင်-ကသာ)က အသင်းအတွက် အလှူငွေပေးအပ်ခဲ့ရာ ဦးခင်မောင်ဦး (ဦးရဲ-ကသာ)က လက်ခံယူခဲ့ကြောင်း သိရသည်။


သတင်း - ကျော်စွာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)