ငါးသိုင်းချောင်းမြို့ ညောင်မှော်ကျေးရွာအုပ်စု၌ ဆောင်းသီးနှံနေကြာ သီသန့်/သီးညှပ် စိုက်ပျိုးရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်းမြို့ ညောင်မှော်ကျေးရွာအုပ်စု၌ ဆောင်းသီးနှံနေကြာ သီသန့်/သီးညှပ် စိုက်ပျိုးရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး



MNP - အောက်တိုဘာ   ၁၂


ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေး ဦးဆောင်သည့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ငါးသိုင်းချောင်းမြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ သည် ညောင်မှော်ကျေးရွာအုပ်စု၊ သောင်တန်းကျေးရွာ၌ တောင်သူ များနှင့်တွေ့ဆုံ၍ ဆောင်းသီးနှံနေကြာ စိုက်ပျိုးရေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်အချိန်က ပြုလုပ်ခဲ့ကြပါသည်။


ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေးက ဆွေးနွေးပွဲအဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကိုကိုက ရပ်ရွာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းတို့ကို သိရှိလိုက်နာကြရန် အသိပညာပေးဆွေးနွေးခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနက ဆောင်းသီးနှံ နေကြာကို တိုးချဲ့စိုက်ပျိုးရေးတို့ကိုဆွေးနွေးကြရာ တောင်သူများက မျိုးစေ့ရရှိနိုင်မှု၊ အထွက်နှုန်းတိုးတက် အောင် ဆောင်ရွက်ရမည့် နည်းစနစ်နှင့် သီးနှံထွက်ရှိပါက ပြန်လည်ရောင်းချရမည့် အခြေအနေတို့ကို တင်ပြကြ ရာ ရေကြည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးလှမျိုးနွယ်က အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူ(၈၀)ဦးခန့် တက်ရောက် လေ့လာခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)