မအီမြို့၌ ရခိုင်ပြည်နယ် စည်ပင်သာယာရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့၌ ရခိုင်ပြည်နယ် စည်ပင်သာယာရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

 




MNP ၊ အောက်တိုဘာ  ၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ရခိုင်ပြည်နယ်၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဌာနမှသတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ ဆောင်ရွက်စေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးမှုရှိစေရေးတို့အတွက် မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံဦးစီးမှူး ဦးညီညီလွင်နှင့် ရုံးအဖွဲ့ဝန်ထမ်းများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် တောင်ကုတ်မြို့အခြေစိုက် တောင်ကုတ်ရတနာကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အမှတ်(၁)ရပ်ကွက်ရှိ ကန်တော်လမ်း အပိုင်း-၂ ကွန်ကရစ်ခင်းခြင်းနှင့် ရေပြွန် (Box Culvert) တစ်စင်း တည်ဆောက်ခြင်း၊ စည်ပင်သာယာရေးအဖွဲ့ရုံးခြံ ရှေ့ဖက်၊ ဘေး၂ ဖက်အား အုတ်/သံပန်းခြံစည်းရိုးကာရံခြင်း၊ တံခါးပေါက် ၂ ခု ပြုလုပ်ခြင်းနှင့် ဆိုင်းဘုတ်တစ်ခုပြုလုပ်ခြင်း၊ စည်ပင်သာယာရေးအဖွဲ့ ခြံဝင်းရှေ့တွင် အုတ်ရေမြောင်း ပြုလုပ်ဆောင်ရွက်ခြင်းနှင့် မအီမြို့အခြေစိုက် " မိဘဂုဏ်ဆောင် " ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အမှတ်(၄)ရပ်ကွက်ရှိ စံပါယ်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် Box Culvert (၂)စင်းတည်ဆောက်ခြင်း၊ ကမ်းနားလမ်း၊ ဖြတ်လမ်း(၁)ပေါ်တွင် Box Culvert (၄)စင်း တည်ဆောက်ခြင်း၊ အမှတ်(၃)ရပ်ကွက်ရှိ ရုံးတက်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် အမှတ်(၁)ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းလမ်း ကွန်ကရစ်ခင်းခြင်း   စသည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့သည်။


ဖော်ပြပါ လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် မိဘဂုဏ်ဆောင်ကုမ္ပဏီမှ ငွေကျပ်သန်း(၁၃၇.၈၈၅)ဖြင့်လည်းကောင်း၊ တောင်ကုတ်ရတနာကုမ္ပဏီမှ ငွေကျပ်သန်း(၁၁၂.၇၄၈) တို့ဖြင့်လည်းကောင်း အသီးသီး တင်ဒါအောင်မြင်ခဲ့ကြခြင်းဖြစ်ပြီး မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ယခုဘဏ္ဍာနှစ်တွင် ဌာနမှ ဆောင်ရွက်ရန် လျာတားထားသည့် လုပ်ငန်း(၆)ခု ရှိကြောင်း အဆိုပါဦးစီးမှူး ဦးညီညီလွင်က ပြောကြားခဲ့သည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)