ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ



MNP ၊ အောက်တိုဘာ ၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီး(၆)လပြည့်သူများကို ယနေ့၊ နံနက်(၁၀)နာရီက ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။


အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်စစ်ထွန်း ဦးဆောင်သော ကျန်းမာ ရေးဝန်ထမ်းများက ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို စာရင်းအင်းပြုစုပြီး၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းစသည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိသူများကိုသာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်းကြားချက်များနှင့်အညီ စနစ်တကျ  ထိုးနှံပေးခဲ့သည်။


ယနေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့  ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ပြည်သူ ၂၀ ဦးရှိပြီး၊ ကျန်ရှိနေသည့် ပြည်သူများကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)