MNP - အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက်ပိုင်းက နေကြာသီးနှံစိုက်ပျိုးနည်း ပညာပေးသင်တန်းဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒုတိုင်းဒေသကြီးဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှကြိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးအောင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဒုတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်သိန်းဦး၊ ဦးစီးအရာရှိ ဒေါ်ဇာဇာထွန်း၊ ခရိုင်ဦးစီးမှူးရုံး မြေ၊ မျိုး၊ ပိုး တာဝန်ခံ ဒေါ်မော်မော်၊ တာဝန်ခံ ဒေါ်အေးအေးမင်းတို့မှ နေကြာအထွက်နှုန်း တိုးတက်ရေး စိုက်ပျိုးနည်းစနစ်များ၊ မျိုးစေ့ထုတ်နည်းပညာများ၊ ပိုးမွှားရောဂါကာကွယ် နှိမ်နင်းနည်းများ၊ အဟာရဓာတ်များ ထည့်သွင်းအသုံးပြုနည်းများ၊ ရိုတ်သိမ်းချိန်လွန်နည်းပညာများကို သင်ကြားပို့ချပေးခဲ့သည်။ အဆိုပါ သင်တန်းကို တစ်ရက်သာဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့တောင်သူ (၂၇) ဦး၊ ဝန်ထမ်း (၂၁) ဦး၊ စုစုပေါင်း( ၄၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - ကိုကိုမင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment