လက်ပံတန်းမြို့၌ သီတင်းကျွတ်အခါသမယ ဘုရားဖူးများဖြင့်စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ပံတန်းမြို့၌ သီတင်းကျွတ်အခါသမယ ဘုရားဖူးများဖြင့်စည်ကား

 



MNP - အောက်တိုဘာ   ၁၀


ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဝါကျွတ်ပွဲတော်ကို ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူများအနေဖြင့် ဘုရားစေတီများ၊ ကျောင်းများတွင် အေးချမ်းစွာကုသိုလ်ဒါနပြုလျက်ရှိကြောင်း သိရသည်။


လက်ပံတန်းမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများ၊ ဘုရားများတွင် သီတင်းကျွက်လပြည့်နေ့ နံနက်ပိုင်းမှစတင်ကာ ဘုရားဝတ်လှည့်ပူဇော်ခြင်း၊ ဝတ်အသင်းများမှ ဝတ်ရွတ်ပူဇော်ခြင်း၊ စတုဒီသာကျွေးမွေးခြင်းများ၊ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများက ဘုရားအတွင်း ဆီမီး၊ ရေချမ်း၊ ဘုရားပန်း၊ အမွှေးတိုင်ဆက်ကပ်လှူဒါန်းခြင်းနှင့် ဥပုဒ်သီလစောက်တည်ခြင်းတို့ဖြင့် စည်ကား လျက်ရှိပြီး မြို့နယ်အတွင်းရှိ အလှူရှင်များကလည်း စတုဒီသာများကျွေးမွေးခြင်းနှင့် ညပိုင်းအချိန်တွင် ဆီမီးများ ဆက်ကပ်ပူဇော်ခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)