ပေါင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ မဲရုံအရေအတွက်နှင့် မဲရုံတည်နေရာများ လျာထား သတ်မှတ်ခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ မဲရုံအရေအတွက်နှင့် မဲရုံတည်နေရာများ လျာထား သတ်မှတ်ခြင်းများဆောင်ရွက်




MNP - အောက်တိုဘာ   ၁၄


မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ၊ မဲရုံအရေအတွက်နှင့် မဲရုံတည်နေရာများ လျာထားသတ်မှတ်ခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲတစ်နာရီက ဝါရီရူခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ်တာဝန်ခံ ဦးသန်းဝင်းက မဲရုံသုံးပစ္စည်း လိုအပ်မှုများ၊ တွက်ချက်စစ်ဆေး အတည်ပြုခြင်းများ စသည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကို အမှာစကားပြောကြားသည်။


မွန်ပြည်နယ်တာဝန်ခံ ဒေါ်နုမြဇံက ရွေးကောက်ပွဲတွင် ယခုကတည်းက တက်တက်ကြွကြွ ဆောင်ရွက်ပေးကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုလာမည့် ရွေးကောက်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းဆောင်ရွက်ကြလို့ တရားမျှတသော ရွေးကောက်ပွဲဖြစ်လာမှာဖြစ် ကြောင်း ဆွေးနွေးသည်။


ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက မဲစာရင်းများမှန်ကန်ရေး၊ လူဦးရေစာရင်းများ မှန်ကန်ရေး စနစ်တကျဆောင်ရွက်သွားကြရန် တင်ပြဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်လဝကမှူး ဦးသန်းဝင်းဇော်က မိမိတို့ဌာနအနေဖြင့် မဲစာရင်းမှန်ကန်စေရေးအတွက် လူဦးရေစာရင်းများကို စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြဆွေး‌နွေးခဲ့သည်။ မြို့နယ်ရွေးကောက်ပွဲ အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးမှူးက လျာထားမဲဆန္ဒရှင်စာရင်းများ၊ လျာထားမဲရုံသတ်မှတ်ခြင်း၊ မဲရုံတည်နေရာနှင့် မဲရုံသုံးပစ္စည်း၊ မဲလက်မှတ်လျာထားစာရင်းများနှင့်ပတ်သတ်၍ ဆွေးနွေး တင်ပြခဲ့သည်။


အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲ အဖွဲ့ဝင်များ၊ တပ်နယ်မှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)